Episode _ 24

1.1K 34 2
                                    

Unicode
Episode _ 24

" ဆင်ပေါက်... ဆင်ပေါက် "

" ဟင်... "

" ခဏထအုံး..၊ ဆန်ပြုတ်နဲ့ဆေးလေး သောက်ရအောင်.... မအိပ်နဲ့တော့နော် ညနေစောင်းနေပြီ "

" အမေတို့ရော... "

" ပြန်သွားပြီ... ဒီမှာ မောင်ကိုယ်တိုင်ကြက်သားနဲ့ဆန်ပြုတ်ကို နူးအိနေအောင်ကြိုထားတယ်... သောက်လိုက်အုံးနော် "

" အဟင့်.. အီး... ဟီး..... "

" ဟာ... ဘာလို့ငိုတာလဲ၊ မောင့်ကိုပြော... ဘာဖြစ်လို့လဲ၊ နာနေသေးလို့လား "

ဘေးတစောင်းအိပ်နေတဲ့ဆင်ပေါက်က ရုတ်တရက်ကြီးထငိုတော့ ကျုပ်လက်ထဲက ဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်အမြန်သွားတင်ကာ ဆင်ပေါက်ကိုစိုးရိမ်တကြီးမေးလိုက်တယ်။

" အရမ်းနာတယ်... ငါ လှုပ်လို့မရဘူး၊ လှုပ်က ခါးကအရမ်းအောင့်နေတာ.... "

" အင်း... အင်း မောင် ဖွဖွလေးနှိပ်ပေးမယ်နော်၊ ပထမဆုံးအကြိမ်မို့ပါ... နောက်ဆို ကျင့်သားရသွားလိမ့်မယ်နော်... "

" ဘာ!!!! "

" ဟက်.... "

ကျွန်တော့်ရဲ့ခါးကိုဖွဖွလေးကိုင်ကာ အသာအယာနှိပ်နယ်ပေးတော့ အနည်းငယ်နာကျင်မှုသက်သာပေမဲ့ တေလွန်းရဲ့စကားကိုကြားတဲ့အချိန် သက်သာနေတဲ့ခါးကပိုပြီးတောင်အောင့်တက်သွားသလားဟုပင်ထင်ရသည်။ ဒါကို တေလွန်းက ဂရုမစိုက်ဘဲ ရယ်တောင်ရယ်နေသေးသည်။

" မင်း.. မရယ်နဲ့၊ မင်းကြောင့် ဒီလိုဖြစ်တာ... "

" ဟောဗျာ... မောင်ကြောင့်ချည်းလို့တော့မပြောနဲ့လေ...၊ မောင်က စပြီးတောင်းဆိုတာမှန်ပေမဲ့ နောက်ဆုံး.. ဆင်ပေါက်လေးကိုယ်တိုင်က "

" တေလွန်း!!.. မင်း..မင်း အရှက်မရှိတိုင်း စကားကိုလျှောက်မပြောနဲ့ "

" မောင် လိမ်တာပြောဟုတ်မဟုတ် ဆင်ပေါက်လေးကိုယ်တိုင် အသိဆုံးမဟုတ်လား... ဟင် "

" မင်း.. မင်း၊ ဖယ်... ငါ့ကို လာမထိနဲ့ "

အနာပေါ်တုတ်ကျသွားတဲ့ကျုပ်ရဲ့ဆင်ပေါက်လေးကတော့ တစ်ကိုယ်လုံးရဲပလောင်းခတ်ကာ မျက်နှာကိုခေါင်းအုံးနဲ့ဖွတ်တော့တာပဲ။ သူ့ခါးပေါ်က ကျုပ်ရဲ့လက်တွေကိုလည်း ရိုက်ချသေးတယ်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now