Episode _ 5

1K 37 0
                                    

Unicode
Episode _ 5

တောထဲကိုရောက်တော့ သစ်ကြီးပင်တွေ၊ ခြုံနွယ်တွေကအုံ့မှိုင်းလွန်းသည်။ နွေရာသီပူပြင်းလှတဲ့အချိန်မှာတောင် ဒီတောထဲကိုစဝင်လိုက်ပြီဆိုတာနဲ့ အအေးဓာတ်ကိုခံစားလိုက်ရသည်။ အအေးဒဏ်မခံနိုင်တဲ့ဆင်ပေါက်ကို တောထဲစရောက်ကတည်းက ကျုပ်ယူလာတဲ့လက်ရှည်အင်္ကျီကိုထပ်ဝတ်ခိုင်းလိုက်ရသည်။

" ဟေ့ကောင် ဇော်ဝင်း.. မင်းတို့သုံးယောက်က သပ်သပ်စီခွဲသွားပြီး ပန်းတွေရှာချိုးခဲ့ကြ...၊ ငါတို့အိမ်အတွက်ပါ ပိုချိုးခဲ့ကြနော် "

" အဲ့တာဆို မင်းနဲ့ရှင်မွှေးက ဘာလုပ်ကြမှာလဲ "

ဇော်ဝင်းက ကျုပ်ကိုအူကြောင်ကြောင်နဲ့ပြန်မေးသည်။

" ငါတို့လည်း လိုက်မှာပါ...၊ ဒါပေမဲ့ ဒီအရှုပ်ထုပ်ပါနေတော့ သူ့ကိုထိန်းရအုံးမှာလေ.... "

" ငါ့ကို မလိုပါဘူး...၊ မင်းဘာသာ လုက်စရာရှိတာလုပ်၊ ငါ့ဘာသာ တိုးလွင်တို့နဲ့လိုက်သွားမယ် ဟွန့်! "

" ပြန်ထိုင်စမ်း!! ဆင်ပေါက် "

ကျုပ်စကားကြောင့် မကျေမနပ်နဲ့ပြန်ခံပြောပြီး လှည်းပေါ်ကနေဆောင့်အောင့်ကာဆင်းတော့မဲ့ ဆင်ပေါက်ကို ကျုပ်လေသံမာမာနဲ့ငေါက်လိုက်သည်။ အစကတည်းက ကျုပ်ခွင့်မပြုတာကို အဘနဲ့အမေဆီကပ်ချွဲပြီးလိုက်လာတာကြောင့် ဒေါသထွက်နေပါတယ်ဆိုမှ ဒင်းက ကျုပ်စကားကိုကလန်ဂဆန်လုပ်ချင်နေသေးတယ်။ ကျုပ် တော်တော်စိတ်လည်းဆိုးတယ်၊ ဒေါသလည်းထွက်တယ်။ ကျုပ်ရဲ့စိတ်ကို ဒင်းက ဘယ်လိုမှ နားမလည်ပေးဘူးဗျာ။

ကျုပ်ကို မျက်စောင်းခဲပြီး ဒင်းက နဂိုနေရာမှာပြန်ထိုင်သည်။ ကျုပ်လည်း ပြန်ပြီးကျုပ်ဒေါသထွက်နေကြောင်းသိအောင် စိုက်ကြည့်ပေးလိုက်သည်။ အကြည့်ချင်းစစ်ခင်းနေတဲ့ကျုပ်တို့နှစ်ယောက်ကြောင့် ဟိုသုံးကောင်က ချက်ချင်းပဲ ကျုပ်တို့ကိုနှုတ်ဆက်ပြီး ထွက်သွားကြသည်။ ကျုပ်တို့နှစ်ယောက်ကတော့ တိုးလွင်တို့ထွက်သွားတာကြာသည်အထိ အကြည့်ချင်းစစ်ခင်းနေပြီး စကားတစ်လုံးမှမပြောဖြစ်ကြပေ။ နောက်ဆုံး အလျော့ပေးနေကြဖြစ်တဲ့ဆင်ပေါက်ကပဲ အကြည့်ကိုစပြီးလွှဲသွားသည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now