Intro

683 58 4
                                    

"မင်း ကျောင်းက ကင်မ်ဂယူ‌ဗင်းဆိုတဲ့လူနဲ့
မပတ်သက်မိစေနဲ့ မဟုတ်ရင်မင်းနောင်တရသွားလိမ့်မယ်"

ယူဂျင်း သူ့သူငယ်ချင်းအိုလီပြောတဲ့စကားကြောင့် ကင်မ်ဂယူဗင်းဆိုသည့်လူကို လန့်လာသည်။

"ဘာဖြစ်လို့လဲ သူက"

"သူကဒီကျောင်းဥက္ကဋ္ဌရဲ့တစ်ဉီးတည်းသောသား ပိုက်ဆံကိုငွေလိုသုံးပြီးလိုချင်တာကိုမရရအောင်ယူတတ်တယ် သူတွဲခဲ့တဲ့ရည်းစားတိုင်းကလဲ ဒူးနဲ့မျက်ရည်သုတ်နေကြရတာတွေကြီးပဲ
ဒါမဲ့နော် သူကတွေ့သမျှလူကို ရည်းစားတော်နေတာမဟုတ်ဘူး သူတွဲသမျှက ပိုက်ဆံရှိအသိုင်းအဝိုင်းကြီးတွေကပဲ အဲ့တာထက်ပိုဆိုးတာက ချောပြီးလှလိုက်ကြတာမှ မှုန်နေတာပဲ ဒါတောင် သူက ဖြတ်ချင်တဲ့အချိန်ဖြတ်ပစ်တာ
‌မောက်မာတာကလဲ ကမ်းကုန်ပဲ စကားအပြောအဆိုကလဲကြမ်းသေး"

"သူအဲ့လို ဖြတ်ချင်တိုင်းဖြတ်တာကို သူ့ရည်းစားတွေက လက်ခံကြတယ်ပေါ့"

"မလက်ခံ‌လို့လဲမရဘူးလေ ကင်မ်ဂယူဗင်းအကြည့်တွေက ကြောက်စရာကြီး သူ့ကို ကျောင်းက ဆရာ ဆရာမတွေတောင်ဘာမှမလုပ်ရဲဘူး သူ့ရည်းစားဟောင်းတွေက သူ့ကိုငိုယိုပြီးပြန်တွဲဖို့ပြောတိုင်း သူ့အကြည့်တစ်ချက်နဲ့တင် ပါးစပ်ပိတ်သွားကြတာတွေကြီးပဲ"

ယူဂျင်း အိုလီပြောတဲ့ ကျောင်းဥက္ကဋ္ဌရဲ့သားအကြောင်းနားထောင်ပြီး ကျောင်းတက်ရမှာတောင် စိတ်ညစ်လာသည်။
သူတက်ချင်တဲ့ တက္ကသိုလ်ရောက်အောင်သူစာကြိုးစားရမယ် အရှုပ်အထုပ်တွေနဲ့ သွားညိနေလို့မရဘူး။

မနက်ဖြန်သူ့ရဲ့ အထက်တန်းကျောင်းအသစ်ကိုတက်ရမှာ ပထမရက်ဖြစ်သည်။
ထိုကျောင်းတွင်တက်တာ ၁နှစ်ရှိပြီဖြစ်သည့်
အိုလီနှင့် ကော်ဖီဆိုင်တစ်ဆိုင်ထိုင်ရင်း ကျောင်းကိစ္စပြောမိရာ ထိုလူ ကင်မ်ဂယူဗင်း၏ အကြောင်းပါ မကြားချင်ဘဲကြားလိုက်ရသည်။

သူ့လို နမောနမဲ့နိုင်တဲ့လူနဲ့ ကင်မ်ဂယူဗင်းသာတွေ့ရင် သူ အရိုးတခြား အသားတခြားဖြစ်သွားလိမ့်မည်ထင်၏။

ʕ⁠´⁠•⁠ ⁠ᴥ⁠•̥⁠'⁠ʔ

ဒီလို ficတွေသဘောကျတာမို့ ကိုယ်တိုင်ရေးဖို့ဆုံးဖြတ်လိုက်တာပါ။အမြဲ Binhao ရေးဖြစ်နေလို့ ဒီတစ်ခါ Gyujinရေးပေးထားပါတယ်။

ကြိုက်မယ်လို့မျှော်လင့်ပါတယ်နော်။ Introမို့ ဒီလောက်ပဲရှိတာပါ partsတွေဆို ဒီထက်ရှည်ပါမယ်နော်။
ဇာတ်လမ်းပုံစံကိုအသေးစိတ်မဖော်ပြထားပေမယ့် သဘောပေါက်မယ်လို့ထင်ပါတယ်ရှင့်။
ဇာတ်လမ်းပုံစံပြောပြလိုက်ရင် စိတ်ဝင်စားစရာမကောင်းတော့မှာဆိုးလို့ပါနော်။

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now