part~28 (end)

1.6K 23 8
                                    

~အစိမ်းသက်သက်~

အပိုင်း(၂၈)

ဇာတ်သိမ်းပိုင်း....



ဒီဘဝမှာ မာနကြီးခဲ့မိတဲ့အတွက်တော့ ခွင့်လွှတ်နော်ဦးရေ....တဲ့


စာအုပ်လေး၏ အဆုံးသတ်စာမျက်နှာမဟုတ်ပေမယ့်
သူမလက်ရေးများအဆုံးသတ်သွားသည့် စာမျက်နှာမှာ မျက်ရည်စက်များက စိုရွှဲကုန်သည်။ မျက်ရည်တွေကို
မထိန်းနိုင်မသိမ်းနိုင်သလို သူ့ရင်ထဲက နှလုံးသားကိုလဲ တင်းကြပ်စွာတုတ်နှောင်ထားသလို ခံစားချက်မျိုး......


သူမက....သူမက ငါ့ကို အရမ်းချစ်ခဲ့ပါတယ်တဲ့.......ပိုးနှယ်... ကိုယ် ဘာလုပ်ပေးရမလည်း.... ကိုယ်ဘယ်လိုလုပ်ရင် မင်းကို ကယ်နိုင်မလည်း......ကိုယ့်ကို ရူးအောင်တော့ မလုပ်ပါနဲ့
အချစ်ရယ်......



စာအုပ်ကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားကာ သူမရှိရာနေရာဆီ ပြေးလာခဲ့သည်။ လမ်းမှာ လူတွေကို ဝင်တိုက်ခဲ့ပေမယ့် သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပါ.....




ကိုယ်က မကောင်းတဲ့လူပါ ပိုးနှယ်..... ကိုယ့်ကို ထပ်ပြီးအပြစ်ပေးပါဦး..... ကိုယ့်အနားမှာ နေပါဦး.....မင်းမရှိရင် ကိုယ်ရူးသွားလိမ့်မယ်........မဟုတ်ဘူး... ကိုယ်သေမှာ.....ကိုယ့်ကို
မထားခဲ့ပါနဲ့ ......



ဆေးရုံခန်းထဲက သူမရှိရာ ကုတင်ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ရင်း........ ဆေးထိုးအပ်အရာတွေပြည့်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး သူ့ပါးတစ်ဖက်သို့ ကပ်လိုက်သည်။

ဓေး၏ မိဘတွေနှင့် ပိုးနှယ်အဘွားတို့က ရှောင်ထွက်ပေးသွားကြ၏။ သူမ၏ နောက်ဆုံးအချိန်မှာ အားလုံးက ဘေးနားမှာ ရှိပေးနေကြ၏။ မိခင်ဝမ်းထဲက ထွက်လာတာ တစ်လမပြည့်သေးသည့် သားသားလေးက မိခင်ဖြစ်သူ၏နို့ရည်ကို သောက်သုံးခွင့်မရပေ။



ဓေးက ကလေးကိုချီပြီး နို့ဗူးတိုက်နေသည်။




"ကိုယ့်ကို ကြည့်ပါဦး.... ပိုးနှယ်.... မျက်လုံးဖွင့်ပြီး ကိုယ့်ကို
ကြည့်ပါဦး......."




သူမ မျက်ခွံလေးတွေက မှိတ်ထားဆဲပင်......နဂိုက
ခပ်သွယ်သွယ်ခန္ဓာကိုယ်လေးက ရောဂါကြောင့် ပိန်နေသည်။ မျက်တောင်ဖျားလေးတွေမှာ မျက်ရည်စိုနေသည့်အားဖြင့် ရောဂါကို သူမ ကြိုးစားတင်းခံနေဟန်တူသည်။ အပ်ရာတွေအပြည့်နှင့် သူမလက်ဖမိုးလေးက သူ့ကို ခြောက်ခြားစေသည်။ မနိမ့်မမြင့် အသာလှုပ်နေသည့် ရင်ဘတ်လေးက အသက်ကို မျဥ်းမျဥ်းရှူနေရှာ၏။




You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

~အစိမ်းသက်သက်~Where stories live. Discover now