part~4

710 15 0
                                    

~အစိမ်းသက်သက်~

အပိုင်း(၄)

"ရှင် အရက်တွေသောက်ထားတာလား....."

"ဟုတ်တယ်လေ..... မင်းဘဲ ငါ့ကို ပျော်ပါးချင်သလောက် ပျော်ပါးဆို..."

"ဟွန်း....အခုကျွန်မကို ဘာစကားပြောမှာလည်း..."

သူက ပိုးနှယ် ကားထိုင်ခုံဘက် တိုးကပ်လာလေကာ.....

"မနေ့ညက စိတ်ဆိုးသွားတာလား...ဘာဖြစ်လို့လည်း.."

"ဘယ်လို...ဟက်...ဒါဆို ဒါဆို ကျွန်မက ရှင့်ကိုစိတ်မဆိုးသင့်ဘူးပေါ့ ...ရှင်တအားရယ်စရာပြောတာဘဲနော် ဦးဝဠာမှိုင်း..... "

"ဟုတ်ပါတယ် ငါမှားတယ်ဘဲ ထားပါတော့ "

"မှားတယ်ဘဲ ထားပါးတော့ မဟုတ်ဘူးလေ.... မှားကိုမှားတာ...ရှင် ကျွန်မရှေ့မှာ ဒီလိုလုပ်ရပ်မျိုး ရှင်မလုပ်သင့်ဘူးလေ....ပြီးတော့ ရှင် အရင်လို လူပျိုလူလွတ်မဟုတ်တော့ဘူး.....ရှင့်ရဲ့တရားသူကြီးမင်းဂုဏ်သိက္ခာကို ထိန်းသိမ်းပါ ဦးဝဠာမှိုင်း... "

"ဘာလဲ...မင်းက ငါ့ကို ချည်နှောင်ချင်တာလား ပိုးနှယ်ပုံ...ထားပါတော့ မင်းက ငါ့မိန်းမဆိုတော့လည်း မင်းဒီလောက်တော့ ပြောပိုင်ခွင့်ရှိတာပေါ့....ဒါပေမယ့် မင်းလည်း တရားသူကြီးမင်းကတော်တစ်ယောက်ဖြစ်နေပြီး သူများအိမ်မှာ ညသွားမအိပ်သင့်ဘူး......ကိုယ့်ယောက်ျားကို ပစ်ထားပြီးတော့ပေါ့.."

"ကျွန်မသွားတဲ့အိမ်က....."

သူက လက်ပိတ်ကာလိုက်ကာ...

"ငါလည်း မင်းလို ဆင်ခြေမပေးသလို မင်းလည်းငါ့ကို ဆင်ခြင်မပေးနဲ့...."

"ရတယ်လေ.....ရှင်ပြောချင်တာ ဒါဘဲမို့လား...ကျွန်မကို ကျောင်းပြန်လိုက်ပို့...."

"စောပါသေးတယ်..... ငါနဲ့အတူ မနက်စာစားပြီးမှ သွားပေါ့..."

"ရှင်အခုထိ မနက်စာ မစားရသေးဘူးလား..."

"အွန်း.....မင်းပေးတဲ့ဒုက္ခတွေလေ......"

~~~

တစ်ယောက်က တရားရုံးသွား တစ်ယောက်ကကျောင်းတက် ညအချိန်မှာမှ ဆုံကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည်ကြည်နူးနူးမရှိ...... ကိုယ့်နေရာကိုယ်နေ၍ အေးစက်စက်နှင့်ပင်......

~အစိမ်းသက်သက်~Where stories live. Discover now