part~9

628 15 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၉)


ဦးဝဠာမှိုင်း နေမကောင်းဖြစ်နေတာ တပတ်ကျော်နေပြီး အခုအချိန်အထိ သတိမရသေးပေ။ တစ်အိမ်သားလုံး စိတ်ပူနေကြပြီး ဆရာဝန်ကနေ့တိုင်းလာ၍ ကုသပေးနေတာဖြစ်သည်။


ဦးဝဠာမှိုင်းက နှလုံးရောဂါအခံရှိ၍ စိတ်ထိခိုက်စရာကြုံလာတိုင်း ဒီလိုဖြစ်သွားတတ်တာတဲ့... သူ့လို အသည်းနှလုံးမရှိတဲ့သူက နှလုံးရောဂါတဲ့လား...



အင်းပေါ့ သူကပိုးနှယ်အပေါ်မှာသာ ဘာခံစားချက်မှမရှိတာ.. သူရှိချင်တဲ့သူအပေါ်မှာကျ ခံစားချက်တွေ ပိုနေလိုက်တာများ..
ဦးဝဠာမှိုင်းရယ် ရှင်ကဒီလိုတွေ တခြားမိန်းမအပေါ်ဖြစ်ပျက်ပြနေတော့ အေးစက်လွန်းတဲ့ကျွန်မတောင် ရှင့်ကိုသဝန်တိုမိနေသလိုလိုဘဲ...


စာချုပ်စာတမ်းအပေါ်မှာသာ ကျွန်မတို့ကအကြင်လင်မယားဖြစ်ပေမယ့် တကယ့်ဘဝမှာ ကျွန်မတို့ကသူစိမ်းတွေလို အစိမ်းသက်သက်ပါဘဲ.....


"ဟင်း...မောင်လေးက အခုထိကို သတိမရသေးပါလား ပိုးနှယ် ရေပတ်တိုက်ပေးထားရတာ ညောင်းနေပြီလား...ပေးပေး မကြီးတိုက်လိုက်မယ်လေ   "




"ရပါတယ် မကြီး...ပိုးနှယ်ဘဲလုပ်လိုက်ပါ့မယ်   "




"အွန်း...မကြီးမပြောပြတော့ဘူးလို့ ရည်ရွယ်ထားပေမယ့်...အခုတော့ပိုးနှယ်ကို ပြောပြရတော့မယ်...မောင်လေးကိုရေပတ်တိုက်ပြီးရင် မကြီးနဲ့ စကားပြောကြရအောင် ဝရန်တာဘက်ကို ထွက်ခဲ့လိုက်နော်"




"ဟုတ် မကြီး "




ဦးဝဠာမှိုင်းကို ရေပတ်တိုက်ပေးပြီး အင်္ကျီဝတ်ပေးခဲ့ကာ မကြီးဆီကိုသွားလိုက်သည်။


"မကြီး ပိုးနှယ်ရောက်ပါပြီ.."



"အေး... ညီမလေး လာထိုင်"

လေသာဆောင်ဘက်မှာ အပင်လေးတွေစိုက်ထားကာ ခုံများချထားပြီး ညဘက်ဆို ကြည်လင်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရတာလည်း စိတ်အေးချမ်းမှုတမျိုးပါဘဲ....စာကျက်ရတာများလို့ စိတ်ပင်ပန်း လူပင်ပန်းတဲ့အခါ လာထိုင်နေကျ နေရာလေးလည်းဖြစ်သည်။


~အစိမ်းသက်သက်~Where stories live. Discover now