~Intro~

2.1K 34 2
                                    

~ အစိမ်းသက်သက် ~

Intro....

ဂတိတစ်ခုကြောင့် အချစ်မပါဘဲ လက်ထပ်လိုက်တယ်........

"ငါ မင်းလို အေးတိအေးစက်မိန်းကလေးမျိုးကို သဘောမကျဘူး..."

"ကျွန်မလည်း ဦးဝဠာမှိုင်းလိုမျိုး လူရှုပ်လူပွေတစ်ယောက်ကို မနှစ်သက်ဘူး...."

"ဒါဆို ငါတို့ဒီအိမ်ထောင်ရေးကို ဘယ်လိုရှေ့ဆက်ကြမလည်း.....ပိုးနှယ်ပုံ.."

"နားလည်မှုနဲ့ပေါ့..... အချစ်မပါဘဲ နားလည်မှုနဲ့နေကြတဲ့အိမ်ထောင်သည်တွေ အများကြီးပါ..."

"ဒါပေမယ့် မင်းနဲ့ငါ့ရဲ့အိမ်ထောင်ရေးက အစိမ်းသက်သက်အိမ်ထောင်ရေးဖြစ်လောက်တယ်.."

~~~

"မြေးလေး.... ဒီလမ်းကို ရွေးချယ်ခဲ့တာ နောင်တမရဘူးလား..."

"နောင်တဆိုတာ ပိုးနှယ်ဘဝမှာ ရှိမှာမဟုတ်ဘူး ဘွားဘွား  ......ပြီးတော့ သမီးတို့မျိုးရိုးဂုဏ်အတွက် ဒီလမ်းကိုလျှောက်ရတာတန်ပါတယ်..ဘွားဘွားရယ်. "

~~~

"နေပါဦး..ငါ့ကိစ္စတွေမှာ မင်းကဘာလို့ဝင်ရှုပ်နေတာလည်း.."

"အဲဒီ့စကားမပြောခင် ရှင့်ရဲ့အပြင်ကအရှုပ်တွေ ကျွန်မဆီကိုရောက်မလာအောင် ရှင်တားလေ....ရှင့်ရဲ့မရေမတွက်နိုင်တဲ့မိန်းမတွေ
ရှင့်အကြောင်းလာမပြောနိုင်အောင်ပေါ့  ....."

"ဘာလဲ...အဲဒီတော့ မင်းကငါ့ကိုသဝန်တိုနေတာလား...."

"သဝန်တိုတယ်လို့ပြောရအောင် ကျွန်မတို့ကြားမှာ အချစ်မှမရှိဘဲ ဦးဝဠာ....."

~~~

"ငါက မင်းကို တောင်နန်းစံ၊မြောက်နန်းစံ ပုံစံမျိုးထားထားတာမှမဟုတ်တာ .....မင်းကိုဧကရီခေါင်ဘွဲ့ထူးရာထူးပေးထားတာဘဲ....မင်းဂုဏ်တောင်ယူသင့်တယ်"

"ဒါပေမယ့် ရှင့်မှာ ကိုယ်လုပ်တော်တစ်သိန်း၊တစ်သောင်းမကရှိနေတယ်လေ.."

"ကျစ်....မင်းငါ့ထက် အသက်အများကြီးငယ်တယ် ပိုးနှယ်ပုံ...... ယောက်ျားဖြစ်သူစကားပြောရင် တစ်ခွန်းမကျန် ပြန်ပြန်ပြောနေတယ် ငါ့ကို နည်းနည်းပါးပါးလောက်တော့ လေးစားသမှုလေးရှိပါဦးကွ....."

~~~

ပိုးနှယ်ရဲ့အချစ်က တစ်သက်မှာတစ်ခါ.....
တစ်ပွင့်တည်းသာပွင့်တဲ့ပန်းပါ။ ပိုးနှယ်ရဲ့ဖြစ်တည်မှုကလည်း တစ်ယောက်တည်းသောသူအတွက်ဘဲ.........ဦးကတော့ အဲဒီ့လိုမဟုတ်ဘူးနော်.....ဦးရဲ့ဖြစ်တည်မှုတွေက ပိုးနှယ်တစ်ယောက်တည်းအတွက်တော့ မဟုတ်ခဲ့ဘူးနော်.... ဦးနဲ့ပတ်သတ်သမျှ မိန်းမတိုင်းက ဦးကိုပိုင်ဆိုင်ခဲ့ကြတာဘဲ.....

ဦး ရှင်က ကောင်းကင်ကြီးနဲ့သိပ်တူတယ်သိလား... ကျွန်မတစ်ယောက်တည်း မပိုင်ရတဲ့ အများဆိုင်နာမ်တစ်ခုပေါ့...

~~~

"မင်းလည်း တို့နဲ့မှိုင်းရဲ့ပတ်သတ်မှုကိုသိနေသားဘဲ.....နောက်ဆုတ်ပေးသင့်တယ်ထင်တယ်....အခုမင်းနေနေတဲ့နေရာက ငါနဲ့သက်ဆိုင်ဆုံးဘဲ ပိုးနှယ်ပုံ...

"ရှင်က တအားပြောင်းပြန်တွေပြောတာဘဲနော်.....ကျွန်မက ဦးဝဠာမှိုင်းကိုယ်တိုင်
ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားနဲ့ လက်ထပ်ယူထားတဲ့ တရားဝင်မိန်းမတစ်ယောက်ဘဲ....ကျွန်မမှာသူ့ကိုပိုင်ဆိုင်ကြောင်း လက်ထပ်စာချုပ်တစ်ခုလုံးရှိတယ်....ရှင့်မှာရော သူ့ကို ပိုင်ဆိုင်ကြောင်းပြဖို့ သူ့အတွင်းခံဘောင်းဘီတစ်ထည်တောင်ရှိလို့လား....ဒေါ်လှိုင်မြတ်ဖူးသွယ်..."

"မင်း...မင်း.....မင်းက အသက်ငယ်ငယ်လေးနဲ့အတော့်ကို အဆိပ်ပြင်းတဲ့မြွေဟောက်မလေးဘဲ... ငါမင်းကို လျော့တွက်မိတာမှားသွားပြီ...."

"ဘာလို့လဲ.....ကျွန်မပြောတဲ့စကားတွေက ရှင့်အပေါ် အနာပေါ်တုတ်ကျတဲ့အထိကို နာသွား
လို့လား...."

~~~

"ဟင့်အင်း...... မိန်းမတကာကို
ထိတွေ့လာတဲ့နူတ်ခမ်းကြီးနဲ့ ကျွန်မကို မထိတွေ့စမ်းပါနဲ့....ဦးဝဠာ..."

"ဟင့်အင်းဆိုတဲ့ အငြင်းစကားမျိုး မင်းဆီကနေ ငါမကြားချင်ဘူး..."

"တရားသူကြီးမင်းပီပီ..ကျွန်မကိုအမိန့်ပေးလိုက်တာလား..."

"ဟုတ်တယ်ဆိုရင်ရော......ငါကအမိန့်ပေးတတ်တဲ့လူစားဘဲ. .ဒါပေမယ့် မင်းလောက်တော့ ဘယ်မိန်းမကိုမှ ငါမယစ်မူးဖူးဘူး....ပိုးနှယ်....."

~~~~~

ဦးနဲ့ဒိတ်ဒိတ်ကြဲမလေးပါ.......မင်းသားကို
အရင်ဇာတ်တွေနဲ့မတူဘဲ အသားစားကြူးတဲ့ကျားကြီးအဖြစ် အသက်သွင်းထားပါတယ်...

အပိုင်းဆက်တိုင်းကို လောင်ရမှာပါ....

ဒီficကလေးကိုလည်း အားပေးကြပါဦးနော်...

ချစ်တဲ့.....ငွေဇင်နွယ် <Zapphia >💛

~အစိမ်းသက်သက်~Where stories live. Discover now