part~20

591 8 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၀)

"ဟေး....အိပ်ပုပ်မလေး ထတော့လေ.....ဘယ်အချိန်ရှိနေပြီလည်း.....မနက်စာ မစားတော့ဘူးလား....."

သူ့စကားတွေက သူမကိုချော့သိပ်နေသလား အောက်မေ့ရသည်။ တစ်စက်ကလေးမှ နိုးမလာခဲ့ပါ.....နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် မျက်နှာလေးက ချစ်စရာကောင်းလွန်းလို့ နှာသီးဖျားလုံးလုံးလေးကို ဆွဲညှစ်ပစ်လိုက်သည်။

"အင့်.....ဘာလုပ်တာလဲ အိပ်ကောင်းနေတာကို သွားစမ်းပါ..."

"ထတော့လေ..... "

"အိပ်ရေးမဝသေးဘူး....... ကိုယ့်ဘာသာထပါ့လား..."

"အတူတူအိပ်ရာထချင်တာ......ထပါ ပေါက်စလေးရယ်......၉နာရီထိုးနေပြီကွ....."

"အင်း.......မထချင်ပါဘူးဆို......ညက ဘယ်နှစ်နာရီမှအိပ်ရတာလည်း ရှင်သိရဲ့သားနဲ့......"

"သိတာပေါ့ သိတာပေါ့.....ကိုယ်ကောင်းကောင်းမွန်မွန်ကြီးကိုသိတာပေါ့.....ဟွန်းဟွန်း "

"ဘာဟွန်းဟွန်းလည်း ရယ်သံကိုက.....ထတော့ မနက်စာစားရအောင်...."

"ဟွန့်.......တကယ့်မွန်းစတားဘဲ....သူများကမထချင်တာကို ဇွတ်ထခိုင်းနေတာ......."

ထမယ်လုပ်မှ..... အဝတ်တွေကိုယ်ပေါ်မှာ မရှိတာကို ခံစားမိလိုက်သည်။ ......ဒီလူကတော့တကယ်ပါဘဲ.....ဘယ်ကိုလွှင့်ပစ်ထားမှန်းမသိဘူး.....သူကျတော့ ပြန်ဝတ်ထားတာ.....

"ကျွန်မအဝတ်တွေကောက်ပေး......."

"မနေ့ကဟာတွေကို ပြန်ဝတ်မလို့လား....တခါတည်း ရေနွေးနွေးလေးချိုးလိုက်...."

"အစောကြီးဘဲ......အေးမှာပေါ့.... "

"ရေနွေးနွေးလေးလေ...... ကဲ....ကြာတယ် သွားချိုးရအောင်..."

"ဟယ် တကယ်ပါဘဲ ဇွတ်ကြီးကိုဘဲ. .. "

~~~

မနက်စာစားဖို့အောက်ဆင်းလာတော့ မနက်စာစားပွဲမှာ အကိုလင်းလရောင်က ရှိနေသည်။ လက်ကိုဆွဲထားသည့် သူ့လက်ကိုဖြုတ်ချပြီး ထမင်းစားဝိုင်းဆီလာခဲ့လိုက်၏။

အဲဒီ့ကောင်ကို တွေ့တာနဲ့ဘဲ ငါ့လက်ကိုဖြုတ်ချသွားတာ...သူမနှင့်ကျမှဘဲ သူလည်း စွန့်ပစ်ခံဘဝရောက်တော့တာပါဘဲ..ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်လျက် သူ့စတိုင်အတိုင်း ဖြည်းဖြည်းချင်းသာ လျှောက်လာခဲ့လိုက်သည်။

~အစိမ်းသက်သက်~Where stories live. Discover now