6

20 4 0
                                    

" ကိုကြီး ကိုကြီး ရေသုံးတော်ဆောင်မှာ ရေသခင်ဖြစ်သွားပီလား မြန်မြန်ထွက်လာ "

Wilson ကျွန်းတံခါးကိုတတုန်းတုန်းထုကာအပြင်မှအော်နေလေသည်။အထဲမှာရေတောင်မထိရသေးတဲ့ Rahumak ကစိတ်မရှည်တော့လို့တံခါးကိုစောင့်ဖွင့်ကာစူးရှရှကြည့်နေလေ။

Wilson မြေပြင်ပေါ်သို့တစ်ဆင့်နှစ်ဆင့်ဆောင့်ကျရာနာသွားလေသည်။နာတာမှဖင်ပါကြိမ်းရလေ။

" တော်တော်အငြိမ်မနေနိုင်ဘူးပဲ တယ်ခက်တယ် ဒီကလေးနဲ့ "

ထိုသို့ဆူပူလာသော Rahumak အသံနက်ကြောင့် အာဗြဲရီးနှင့်ငိုလိုက်သော Wilson။

" အင့် ဟင်း သူများကိုလုပ်နာတယ် "

" ငို ငိုအဲ့မှာ တနေကုန်ထိုင်ငို "

" ဟင်းးး သူများကိုငိုအောင်လုပ်တယ် ကိုကြီးအကျင့်မကောင်းဘူး အင်းး "

" ငါ ခွက်နဲ့ထုလိုက်ရ အဲ့လောက်ထိဖြစ်နေတာ လာ ! ! လာ "

Rahumak ကလေးငယ်လက်အားလက်ကောက်၀တ်မှအကြမ်းပတမ်းဆွဲခေါ်ကာရေသုံးတော်ဆောင်ဆီ၀င်သွားပြီးသူ့အား‌ေစာင့်တွန်းကာတံခါးအားဂျက်ထိုးလိုက်သည်။

Wilson အနောက်ကအုတ်ခုံကိုလှမ်းကိုင်လိုက်ကာရှက်သွေးဖျာနေ၏။ မသိရင်ဟို့ခနသူမဟုတ်တဲ့အတိုင်းပင်။ သူရဲ့ပါဝါစလေးအားဟိုရမ်းဒီရမ်းခါမူနေ၏။

Rahumak ခွက်ကိုဆွဲယူကာခုံပုပေါ်ထိုင်လိုက်ပြီးထိုသို့ဆိုလေ၏။

" ကြည့် ၀အောင်ကြည့် ငါမျက်နှာထိုင်သစ်တာကို "

အသံနက်ကြီးဖြင့်ဟောက်လာသောသူရဲ့စကားကြောင့်ကြောင်အသွား၏။ သူမျှော်လင့်ထားသကဲ့သို့မဖြစ်လာသောကြောင့်ပင်။ Wilson စိတ်ပျက်သွား၏။ စိတ်ပါပျက်တင်မဟုတ်ဘဲ ညိုးပါသွားတော့၏။

" ကိုကြီး တစ်ခုခုလုပ်မယ်မဟုတ်လားဟင် "

" အရမ်းစကားမများနဲ့ "

" သောက်ကျင့်မကောင်းဘူး ရော့ ဒါပဲရမယ်"

Wilson သူ၏၀တ်ရုံရှည်အားဟောလိုလှန်ပြကာဆဲလိုက်၏။ သွားတိုက်နေသည့် Rahumak နှင်သွားကာ နှာခေါင်းထဲ အမြုပ်၀င်လုမတတ်ဖြစ်သွား၏။ သူမြင်လိုက်ရသည်မှာ ပေါင်တံသွယ်သွယ်ဖြူဖြူ နှင့် မပြောချင်တော့ပေ။

Adventure of North Nile King and his love story ⚔️Where stories live. Discover now