5

16 4 0
                                    

ညနေစောင်းသော်....

" ကိုကြီး ဖရုံစွတ်ပြုတ် ရပီ "

စွပ်ပြုတ်ပန်းကန်လုံးကိုအောက်ခံကြေးပြားဖြင့်ကိုင်လာကာခြေလှမ်းများကိုခပ်ယွယွနင်းပြီးဖြေးဖြေးလေးလာနေ၏။

" မြန်မြန်လာ "

" မြန်မြန်လာရင် ငတ်မှာနော် "

" ငတ်ရင်အငတ်ခံ‌ရုံပဲပေါ့ ကွ "

" ကိုကြီးငတ်ရင် ကျုပ်ကိုလာစား "

" ဟ မင်းက လူလေ တရားမ၀င်စားလို့မရတဲ့အရာကို အဓိပ္ပါယ်မရှိတဲ့ဟာ ‌‌တွေ "

Wilson မျက်နှာသေသွား၏။သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကိုမပေါက်သောထိူလူအားညစ်သက်ပစ်ချင်။ကုတင်ဘေးနားတွင်ပေါင်တခြမ်းတင်ကာပန်းကန်လုံးကိုဘေးနားရှိကျောက်စရစ်ပြားပေါ်တွင်တင်ထားလိုက်၏။

" မင်းအဲ့ခွက်ကိုပေးလာ "

" ဟင့်အင်း ထိုးကျွေးမာ မစားမှာသိလို့ "

" ဘာ "

စကားတစ်လုံးတည်းသာပြောနိုင်တော့သော Rahumak။ ထိုကလေးငယ်သည်ကုတင်ဘေးနားတွင်ပေါင်တစ်ခြမ်းထိုင်တာအားမရနဲ့တူဟန်အမူအရာကိုအထင်းသားပေါ်နေ။

Wilson ဂနာမငြိမ်ပေါင်ချလိုက်ပေါင်တင်လိုက်နဲ့စိတ်မရှည်သည့်အဆုံးကုတင်ပေါ်တက်ကာ Rahumak ၏စန့်တန့်ထားသောပေါင်ရင်းတွင်ခွထိုင်လိုက်သည်။ ဘေးရှိ‌ပန်းကန်လုံးကိုယူကာ ထိုလူနားထိုးပေးသည်။

" ကိုကြီး စား "

" ဘာနဲ့စားရမာတုန်း ဇွန်းမရှိဘဲနဲ့ "

" ကိုကြီး ပါးစပ်ပါတယ်မလား "

" အင် "

Wilson စွပ်ပြုတ်ကိုသူ၏ပါးစပ်ထဲတစ်ငုံမော့ကာမမျိုချဘဲ Rahumak အားမပီတပီပြောနေလေ။

" ဖွင့် ပါး စပ် ဖွင့် "

" ပါးစပ် ဖွင့် "

Rahumak ဘုမသိဘမသိဘဲသူ၏ပါးစပ်အားဟလိုက်သည်။ ထိုချိန် Wilson ကထိုလူ၏ နှုတ်ခမ်းအားနမ်းကပ်ကာပါးစပ်နှစ်ခုချင်းကပ်ထိသွားကာWilson သူအာခတွင်းမှငုံထားသောစွပ်ပြုတ်အားထိုလူ့ပါးစပ်ထဲသို့သွင်းလိုက်သည်။

Adventure of North Nile King and his love story ⚔️Where stories live. Discover now