1

39 5 0
                                    

အီဂျစ်ပြည်၏ Rahu န၀မမြောက်မျိုးဆက် Rahumak Buzar သည် စစ်မက်ထွက်ရတာဝါသနာပါလှ၏။တိုင်းပြည်အများစုမှဘုရင်နှင့်ပြည်သူ‌ကRahumak ဟူ‌၍သာခေါ်ကြ၏။

ယခုတွင်North Nile နှင့် Maco တို့စစ်ဖြစ်နေ၏။

" ငါတို့တပ်အင်အား မလျော့သေးဘူး။ ဆက်ချီကြ။ "

ဤသို့ကြွေးကြော်နေလျက် ရှေ့တန်းသို့ပြေးသွားသည်။စစ်သည်၇၈၀၀ ကလည်း Maco တပ်များကိုပြန်ခုခံတိုက်ထုတ်နေ၏။

Rahumak သည် Macoစစ်တပ်၏စစ်သူကြီးနှင့်အပြိုင် ကြိတ်တိုက်နေကြသည်။ သူသာကိုယ်မသာဖြစ်နေသည့်ပုံ။

" ငါလခီးပဲ "

Maco စစ်သူကြီးသည် Rahumak ၏ ဘယ်လက်မောင်းအား ရွှက်ဆိုပြီး ထိုးမည့်အလုပ် Rahumak က ဓားကို လက်နှင့်ဖမ်းဆုပ်ကာ စစ်သူကြီး ၏ လည်မြိုကို ဓားနှင့် ဇွတ်ကနဲ ထိုးလိုက်လေသည်။ စစ်သူကြီးသည် ဓားလွှတ်ကာ ဒူးထောက်၍ အသက်ဆက်ငင်ဖြင့် သေသွား၏။

Rahumak သည်သူ၏ ဓားကိုလွှတ်ချကာ သူ့လက်ဖဝါးကိုပြန်ကြည့်၏။သွေးများသည်ရေပမာစီးကြလာကာအဆက်မပြတ်ပေ။

" ဒီဒဏ်ရာလောက်ကတော့ အသေးအမွှားပဲ "

ခနဲသံဖြင့်ပြောဆိုကာ အသက်မဲ့နေသောစစ်သူကြီး၏ခန္ဓာမှ စစ်အုပ်ထုတ်ကို ဆွဲပြီးလွှင့်ပြစ်လိုက်လေသည်။ ထို့နောက် ထိုသူ၏ဆံပင်ကို ဆွဲကာ Rahumak သည် စစ်သူကြီး၏ ခေါင်းကို ဇွတ်ခနဲ ဖြတ်ကာ Maco တပ်သားများကိုအကျယ်ကြီးအော်ပြောလိုက်သည်။

Rahumak သည်စစ်သူကြီး၏ခေါင်းကိုကိုင်ကာ ဤသို့ဆို၏။

" မင်းတို့အရှုံးပေးဖို့ပဲကျန်တယ် ဒါဘယ်သူလဲဆိုမင်းတို့သိမှာပါ "

Maco တပ်သားများအင်မတန်တုန်လှုပ်သွားကာ နောက်ဆုံးတော့ ဒူးထောက်ကာ အရှုံးပေးကြောင်း သဘောကိုပြလိုက်သည်။

Rahumak သည် ဤမနှစ်မြို့စရာကိုလွှတ်ပစ်ကာ သူ၏ အရုံးတော်တပ်ချုပ် ကို နောက်ကလိုက်ဖို့ပြောလိုက်သည်။

" သူတို့ကို စစ်သုံ့ပန်းအ‌ဖြစ်ယူလာခဲ့ ကြားလား။"

ထိုသူသည် သူ၏သခင်အမိန့်ကို ခေါင်းငြိမ့်ကာ လိုက်နာကြောင်းပြသလျက် Maco တပ်သား ၂၃၀ ကို စစ်သုံ့ပန်း အဖြစ် ရွှေမြို့တော်ဆီသို့ယူဆောင်လာ၏။ချိန်းကြိုးသံကြိုးများနှင့်အစီအရီဆွဲကာ နောက်ကနေ တိရစ္ဆာန်သဖွယ် လိုက်ခိုင်း၏။

Adventure of North Nile King and his love story ⚔️Hikayelerin yaşadığı yer. Şimdi keşfedin