2

22 4 2
                                    

Rahumak{ရာဟူးမက်ခ်}သည်ရွှေမြို့တော်မှထွက်ခွါ၍လူသူမရှိသောသဲသောင်‌ပြင်ပေါ်တွင်ကုလားအုတ်နှင့်ခရီးနှင်ခဲ့သည်မှာညစောင်းလောက်တောင်ကြာခဲ့ပြီ။

Rahumakသည်အနီးပတ်၀န်းကျင်သို့ဟိုဟိုဒီဒီစူးစမ်းကြည့်ရာမီးရောင်တဖြတ်ဖြတ်ထွန်းနေသောတဲအိမ်အိုကိုတွေ့လိုက်ရသည်။

ထိုတဲအိမ်အိုဆီသို့ဆက်လာခဲ့၏။တဲအိမ်အိုနားရောက်သော်ကုလားအုတ်ပေါ်မှဆင်း၍တဲအိမ်အို၀န်းထဲသို့၀င်သွားလေသည်။

Rahumakသည်အကြောက်အလန့်မရှိသည့်နှယ်။
တဲအိမ်အိုကိုစူးစမ်းကြည့်ရာလူနေသည့်အရိပ်ယောင်ရှိသော်လည်းဆိတ်ငြိမ်လှချေ။အိမ်ထဲမှအမျိုးသားနှင့်အမျိုးသမီးတို့၏တီးတို့ပြောသံကိုကြားလိုက်ရသည်။ထိုသူတို့မှာဇနီးမောင်နှံဖြစ်နိုင်သည်။

Rahumakသည်အိမ်ရှေ့၀တွင်လက်ပိုက်ကာအခဲခတ်နေသေးသည်။တစ်ခုခုဖြစ်လာမည်ကိုကြိုသိနေဟန်။ထင်သည့်အတိုင်းအိမ်ထဲမှအမျိုးသားသည်ကျောက်လုံးကိုကိုင်လျက်တံခါးဖွင့်ကာဤသို့ဆိုလာ၏။

"ဟေ့ သူခိုး ငါတို့ကိုလာဓားမြတိုက်လို့ရမယ်ထင်လား လက်ထဲမှာ ကျောက်နော် "

ထိုအမျိုးသားသည်ကျောက်လုံးကိုတင်းတင်းကိုင်လျက်သူ၏အမျိုးသမီးထံမှမီးအိမ်ကိုဆွဲယူကာ Rahumak အနားချည်းကပ်သွား၏။

သို့သော်သူ့ထက်ပိုမြင့်နေသည့်လူကြီးကိုမြင်လိုက်ရပြီးထိုလူ၏မျက်နှာနှင့်ခေါင်းပေါ်မှဘုရင်ဆောင်း၀တ်ရုံပတ်ကို‌ သေချာအောင် မီးရောင်အားဖြင့်ကြည့်လိုက်ခါမှ ထိုလူသည် ချက်ချင်းဆိုသလို ဒူးထောက်ကာတောင်းပန်စာပြောလေ၏။

"သခင် ခွင့်လွှတ်ပါ အကျွန်ုပ်သူခို့ထင်မိသွားလို့ပါ ခွင့်လွှတ်ပါ သခင် "

"ရပါတယ် မလိုပါဘူး ထပါ "

Rahumak သည်ထိုလူ၏လက်ကိုတွဲထူကာထစေသည်။ထိုလူ၏ဇနီးသည်လည်းအဖြစ်မှန်ကိုမြင်ကြားရသော်ချက်ချင်းဆိုသလိုပင်အိမ်ထဲသို့ပြေး၀င်လေ၏။

ထိုအမျိုးသမီးသည်ခတ္တကြာသော်တစ်ကိုယ်လုံးနှင့်မျက်နှာဆံပင်တွေမတွေ့ရတဲ့အထိ၀တ်ရုံနက်ကို၀တ်ဆင်ကာအိမ်ရှေ့သို့ထွက်လာလေ၏။

Adventure of North Nile King and his love story ⚔️Where stories live. Discover now