4

12 4 0
                                    

"တစ်ကိုယ်လုံးကိုက်ခဲနေပီ "

လမ်းခရီးတောင်ခရီးအသွယ်သွယ်ကိုဖြတ်လျှောက်ကာမောပန်းနေပြီ။ခရီးကိုလည်းဆက်သွားချင်သေးသည်။

သို့သော်သူ၏ခန္ဓာအားကမတတ်နိုင်တော့ပေ။ပင်ပန်းလှပြီ။ကုလားအုတ်ကိုဆွဲထားသည့်ကြိုးကိုကိုင်ထားသည့်လက်လည်းကျစ်ကျစ်တောက်နီရဲကာအရာထင်ကျန်နေ၏။

" ဆက်သွားမယ် သေလည်းသေပစေ ဆက်သွားမယ် "

မိမိ၏အားနည်းသောခန္ဓာကိုအနားမပေး။ပါလာသည့်ရေမှာလည်းကုန်ပြီ။ရိက္ခာလည်းကုန်သွားပြီ။ပူပြင်းခြောက်သွေ့သောကန္တာရထဲမှာမလျှော့သောဇွဲနှင့်ထိုလူကားခရီးကိုရှေ့ဆက်လာ၏။

Arikamပြည်အလွန်တွင်ချောင်းစပ်တစ်ခုရှိ၏။ထိုချောင်းစပ်သည်သွာလာရန်အင်မတန်မှခက်ခဲ၏။ Rahumakချောင်းစပ်သို့တောင်အသွယ်သွယ်တက်ဆင်းကာသွားနေလေ၏။တော်ရုံလူဆိုလျှင်မသွားရဲကြပေ။သို့သော်ဤလူကားထိုသို့မဟုတ်။

ချောင်းစပ်ရောက်ဖို့အဝေးကြီးလိုသေး၏။ Rahumak ရေဆာလာသည်။မိမိ၏ခန္ဓာမှချွေးများမနားမနေထွက်လာသည်။

ရုတ်တရက်ဆိုလျှင်မူးဝေလာပြီးဘာဆိုဘာမှမမြင်ရတော့အထိအမှောင်ကြသွားသည်။ကုလားအုတ်ဆွဲထားသည်ကြိုးကိုလွှတ်ကာအနီးအနားတောင်ခြေရိပ်ဆီသို့သွားသော်လည်းအမှောင်အတိကျနေသောအာရုံကြောင့်လမ်းကိုမမြင်ရပေ။

" ဘယ်နားမှာလဲ "

စူးစမ်းစွာလက်ကိုဟိုယိုင်ဒီယိုင်ဖြင့်ယိုင်ထိုးနေလေသည်။တောင်ခြေအရောက်တွင်......

! ဘုတ် !

Rahumak သဲပြင်ပေါ်သို့လုံးလုံးလျားလျားမေ့ကြသွား၏။သတိတောင်ပြန်၀င်ချင်မှ၀င်နိုင်သောအနေအထား။သို့သော်သူ၏နားကတော့ဝေဝေဝါးဝါးကြားနိုင်သေးသည်။

သူ၏နားထဲတွင်မြင်းခွါသံနှင့်အမျိုးသားစကားပြောသံများသဲသဲကြားနေရသည်။ထိုအရာများကိုကြားပြီးနောက်သူ၏နားတစ်ခုလုံးစူးသွားကာဘာမှမကြားရတော့ပေ။

_________________________________

Rahumak နိုးလာကာသူ၏လက်များကိုထောင်ကြည့်ကာစူးစမ်းနေ၏။အမြင်အာရုံဝေဝါးသော်လည်းအနီးအအနားသို့ငေး‌ကြည့်ကာစူးစမ်းနေသည်။

Adventure of North Nile King and his love story ⚔️Where stories live. Discover now