✿︎ 5 ✿︎

77 10 4
                                    

Part-5
~~~~~~

7 o'clock

  ⏰တီ...တီ...တီ...တီ..တီ...

နာရီမြည်သံကိုပိတ်လိုက်ပြီး အိပ်ယာထလိုက်သည်။ မနက်စောစောကတည်းက စတင်ဖြစ်ပေါ်လာသော လိုအပ်မှု >မာမီ့ရဲ့သားရေ ထတော့ဆိုတဲ့> ခေါ်နိုးသောအသံချိုချိုလေး ထားပါတော့ sky မတွေးတော့ဘဲ ရေချိုးခန်းထဲသာဝင်ပြီး သွားတိုက်ရေချိုးလိုက်သည်။ပြီးတာနဲ့ တစ်ဘက်ဖြူတစ်ထည်သာခါးမှာပတ်ပြီး နောက်တစ်ထည်ကို ကိုယ်သုတ်လိုက်သည်။ပြီးတာနဲ့  ကျောင်းuniformထားတဲ့ ဘက်က်ိုသွားပြီး အဖြူအစိမ်းကိုဝတ်လိုက်ပြီး​ကော်လံပါရှပ်အဖြူကို တံတောင်ဆစ်ထိသပ်ရပ်စွာခေါက်လိုက်ပြီး ပုဆိုးကိုသေသပ်စွာဝတ်လိုက်သည်။နာရီထားတဲ့စင်ဘက်သွားပြီး ဒီနေ့စိတ်ထဲကြိုက်ရာ နာရီတစ်လုံးယူလိုက်ပြီး ပတ်လိုက်သည်။ပြီးသည်နှင့် မှန်တင်ခုံဘက်သွားပြီး ဆံပင်ကို ဘီးနဲ့တစ်ချက်နှစ်ချက်ဖြီးပြီး ရေမွှေးစွတ်လိုက်သည်နှင့် skyရဲ့ကျောင်းသွားဖို့ပြင်ဆင်မှု ပြီးပြီဖြစ်သည်။မိဘကိုအရွဲ့တိုက်သာလို့သာတစ်ခါတစ်ရံဆိုးသွမ်းနေခြင်းဖြစ်ပေမဲ့ ပင်ကိုစိတ်ကနူးညံ့သည်။ရိုးရှင်းမှုကိုသာကြိုက်သည်။လွယ်အိတ်ကိုယူလိုက်ပြီး အောက်ထပ်ကို ပြန်ဆင်းလိုက်သည်။

အောက်သို့ရောက်သည်နှင့် ထမင်းစားခန်းထဲဝင်သောအခါ ထုံးစံအတိုင်း မနက်စာစားပွဲမှာတင် laptop ကိုယ်စီနဲ့အလုပ်လုပ်ရင်း မနက်စာ စားနေသောမိဘနှစ်ပါးကိုတွေ့ရှိရသည်။ ဘာ့ပြောချင်စိတ်မရှိတော့ဘဲ သူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်ပြီး အိမ်အကူတို့ ချပေးသော မနက်စာဖြစ်သည့် မုန့်များစွာထဲမှ ရှမ်းခေါက်ဆွဲကိုသာ စားလိုက်လေသည်။ဒီမနက်တော့ပြသာနာမဖြစ်ချင်ဘဲ အေးဆေးနေချင်သည်လေ။သို့သော်...

" သား မုန့်ဖိုးလိုရင်ပြောနော် လိုချင်တာရှိရင်မာမီ့ကိုပြော "

မာမီရဲ့အပြော၌ ဒယ်ဒီ သာမက skyလည်း မာမီရဲ့ မျက်နှာကို လှမ်းကြည့်လိုက်လေသည်။laptopကနေမျက်နှာမခွာဘဲပြောချင်းပင်။ ထိုအခါမှ ဒယ်ဒီလည်း အလုပ်ပြန်လုပ်နေရင်း...

"ဟုတ်တယ်သား မင်းမာမီပေးတဲ့ မုန့်ဖိုးမလောက်ရင် ဒယ်ဒီဆီတောင်း ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ အကုန်ဖြစ်စေရမယ် "

Unlimited LoveWhere stories live. Discover now