✿︎ 2 ✿︎

98 11 2
                                    


Part - 2
~~~~~~~~

၇တန်း(A)ခန်း...

ထုံးစံအတိုင်း ဘုရားရှိခိုးနေကြတုန်းပန်ပန်ဝင်လာတာကိုမြင်တဲ့ဆရာမက ထလာ​ပြီး တိုးတိုးပြောလာတော့

"ပန်ပန် နောက်ကျပြန်ပြီ ကျောင်းဖွင့်တာ တစ်ရက်စောလာပါအုန်းဟယ်... အိမ်မှာ ဘာအလုပ်တွေရှုပ်နေလို့ နေ့တိုင်းနောက်ကျနေတာလဲ "

ပန်ပန်မှာမျက်နှာချိုသွေးပြီး

"ချယ်ချယ်ကလည်း ဒီနေ့တော့မရိုက်ပါနဲ့တော့နော် ဒီနေ့နောက်ဆုံးပါဘဲ နော်..နော် နောက်ခါစောစောလာမယ် ချယ် နော်..နော်..နော်ပါ.. "

ဆရာမကလျာကလည်း ပါးဖောင်းဖောင်းလေးဖောင်းတက်လာအောင် ပြုံးပြပြီး ချစ်စဖွယ်ကောင်းလှအောင်ချွဲလာတဲ့တပည့်မလေးကို အသည်းယားလာပြီး ပါးဖောင်းဖောင်းလေး ကိုဆွဲညစ်လိုက်ပြီးတော့

"ဒီခါနောက်ဆုံးဖြစ်ပါစေနော် ပန်ပန် အတန်းမာ ညည်းတစ်ယောက်တည်းဘဲနောက်ကျနေတာ ကဲ သွားသွား ဘုရားသွားရှိခိုးတော့... မယ်နောက်ကျရေ.."

ပန်ပန်လည်းဆရာမကို ချစ်စဖွယ်အပြုံးလေးပြုံးပြပြီးအနောက်တံခါးပေါက်ကနေဝင်ပြီးအတန်းထဲသို့ ဝင်ထိုင်လိုက်ပြီး ဘုရားရှိခိုးလိုက်သည်။ တံခါးပေါက်၂ပေါက်ရှိပြီး မိမိအတန်းကနောက်ဆုံးတန်းဆိုတော့ အနောက်ပေါက်ကနေဘဲလှည့်ဝင်လာလိုက်သည်။

ဘုရားရှိခိုးပြီးတော့ ဖူးဖူးကစာအုပ်ထုတ်ရင်း ပြုံးစိစိနဲ့

"မယ်နောက်ကျ ရေ ဘာလဲ ညက ထုံးစံအတိုင်း ဝတ္ထုဖတ်လို့အိပ်ယာဝင်နောက်ကျတာလား"

"အေးဟယ် အရှိန်ကတက်တော့ "

"နင့်အရှိန်ကလည်း တက်ဘဲတက်နိုင်လွန်းတယ် ဒီညကစပြီး စောစောအိပ်ပါဟယ် ၇တန်းဆိုတော့ ပေါ့ပေါ့နေလို့ရသေးတယ် ခစ်ခစ် "

"အေးပါ နောက်မှစကားပြောမယ် မယ်ဖူးရေ ဆရာမစာရေးပြီ "

---------------

9တန်း(B)

အတန်းထဲရှိ ကျောင်းသားကျောင်းသူများ မျက်စိထဲ၌ ဘလင်းဘလင်း ဖြစ်လို့နေလျက် အကြောင်းမှာဆရာမဘေးက ရှောင်ကောကောလိုအရပ်ရှည်ရှည်နဲ့ချောမောလှပသော ကျောင်းသား၃ယောက်နဲ့ မင်းသမီးလေးလိုမှုန်နေအောင်လှသော ကျောင်းသူတစ်ယောက် ကြောင့်ပင်..

Unlimited LoveWhere stories live. Discover now