✿︎ 10 ✿︎

33 2 0
                                    

Part -10
~~~~~~~~

ပန်ပန်စာလုပ်ပြီးတော့ စာအုပ်တွေကို မနက်ဖြန်အချိန်ဇယားအတိုင်း သေချာစီစစ်ထည့်လိုက်သည်။ဒီနေ့လို သူများရှေ့ မှာ အရှက်တကွဲမဖြစ်ချင်တော့ပြီမို့။ အထူးသဖြင့် အကို့ရှေ့တွင် ။ ဒီနေ့တစ်ရက်လုံးအကို့ရှေ့မှာ အဆင်မပြေဖြစ်ခဲ့သည်။တော်သေးသည်က အကိုကသူ့​ကိုအကူအညီပေးပြီးအိမ်တိုင်ရာရောက်ပါလိုက်ပို့ခဲ့သည်။အိမ်ကို​ရောက်တော့  မာမားနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြလို့ မာမားကတောင် ကျေးဇူးတင်လိုက်လေရဲ့။  အိမ်ကိုလည်းတံခါးမရှိဓားမရှိဝင်ထွက်ခွင့်ပြုလိုက်လေသည်။ ကောင်လေးက သန့်သန့်ပြန့်ပြန့် ရည်ရည်မွန်မွန် လူကြီးကိုလည်းရိုသေ တော့ မာမားကလည်း သားလေးတစ်ယောက်ထပ်လိုချင်တာနဲ့ အကိုက်ဖြစ်သွားသည်။ပါးပါးမရှိလို့ ပါးပါးကမာမားထက်ပိုဆိုးသည်။သားလေးတစ်ယောက်ထပ်မွေးပေးပါလို့မာမားကိုပူဆာပေမဲ့ မာမားက ခေါင်းခါမြဲ။ထားပါလေ။

အိပ်ယာထက်လှဲလိုက်ပြီး ခုတလော အကိုနဲ့တွေ့ရင်ဖြစ်သွားတဲ့ခံစားချက်ကြီးကိုအဖြေရှာမိလေသည်။ အကိုရဲ့လှပတဲ့အပြုံး အကို့ရဲ့သာယာနူးညံ့တဲ့အပြော အကို့ရဲ့ မိမိပေါ်ထားတဲ့အပြူအမူအကုန်လုံး က သူ့ကိုဘဲ သီးသန့်ဖန်တီးပေးသလားပင်။ သူများတွေကိုကျတစ်လောကလုံးကို သူကျွေးထားသလို ရုပ်တည်ကြီးနဲ့ဖြစ်ပြီး သူ့ကိုကျ လူစားလဲသလားမှတ်ရအောင် လုံးဝနူးညံ့မှုအပြည့် နဲ့ဆိုတာကို သတိထားမိလေသည်။

>အားးးး ပန်ပန်မ ဘာတွေတွေးနေတာတုန်းးး ဟိုက ညီမလေးလိုချင်နေလို့ ငါ့ကို ညီမလေးလို့ ဂရုစိုက်ပေးတာနေမှာပါ ပြီးတော့ ငါကလည်းခုမှခလေးဘဲရှိသေးတာ အချစ်အကြောင်းဝေးဝေးသွားစမ်း သွား သွားးး <

အိပ်ယာထက်လူးလှိမ့်နေတဲ့ပန်ပန်ပါလေ။

တစ်ဖက်ထမင်းစားခန်းတွင်......

ဟက်ချိုး...

" အကိုလေး နေမကောင်းဘူးလား မှန်းး "

သူ့နှာဖူးပေါ် လှမ်းလာတဲ့လက်ကို ဖယ်ထုတ်ပြီး ထရပ်လိုက်သည့် sky

" မ နှင်းဆီ ဆင်ခြင်ပါ ကျွန်တော်က ခဗျားထိလို့ရတဲ့သူမဟုတ်ဘူးဆိုတာ သိထားး  သိမ်းလိုက်တော့ "

Unlimited LoveWhere stories live. Discover now