✿︎ 12 ✿︎

44 4 5
                                    

Part-12
~~~~~~~

" ဂရုစိုက်သွားကြအုန်း..ရော့ သမီးလေး မုန့်ဖိုး "

" မွ...ကျေးဇူး မာမား..."

" သားငယ်အတွက် မာမားထမင်းဟင်းပိုထည့်ထည့်ထားပေးတယ် ထမင်းဘူးမပါဘူးမလာ မောင်နှမနှစ်ယောက် တူတူစားလို့ရရင်စားကြ "

sky ထိုအခွင့်အရေးကိုလက်လွှတ်မခံ

" ဟုတ်ဒီနေ့ထမင်းချိုင့်မယူလာဖြစ်ဘူး ညမလေးနဲ့ တူတူစားမယ်နော် ကျေးဇူးပါမားမား "

" ရတယ် ရတယ် ကျောင်းမှာလည်း စာသေချာလိုက်လုပ်အုန်းနော် ပြာယာခတ်မနေနဲ့... သားငယ် မင်းညမကိုထိန်းပေးအုန်း.."

" ဟာ..မာမားနော်.."

"စိတ်ချပါ မာမား "

"သွားပြီနော်မာမား... "

ကားတံခါးဖွင့် ခေါင်းမတိုက်မိအောင် သမီးလေးကို အရင်ဝင်ခိုင်းပြီးမှ ဝင်ထိုင်လိုက်သော ကလေးကို ကြည့်ပြီး ဒေါ်မေပန်းပြုံးလိုက်မိသည်။ သူ့သမီးပေါ်ထားတဲ့ သားငယ်ရဲ့ခံစားချက်ကို သိပါသည်။ ငယ်သေးလို့ လွှတ်ထားလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မယ်လို့လည်း သားငယ်ကို ယုံကြည်မိသည်။

.........

ကျောင်းပေါက်ဝတွင်စောင့်နေသော အာကာပိုင် ဖြိုးဉာဏ်လင်း ရွှန်းလဲ့သခင် သီရီ..

" ဟိုကောင် sky ဘာလို့နောက်ကျနေတာလဲမသိဘူး.."

" ထုံးစံအတိုင်းကွိုင်တက်နေကြတာထင်တယ်..."

အာကာပိုင်ရဲ့အမေး ကို ပြန်ဖြေလိုက်တဲ့ ဖြိုးဥာဏ်လင်း

" ဘာကွိုင်လဲဟင်... "

" ဘာ့မဟုတ်ပါဘူး ဒီတိုင်း ဟိုလို ဒီလိုပေါ့.."

သီရိသိပါသည်။sky အကြောင်းကို သူ့ကိုမပြောချင်မှန်း။ မပြောချင်လည်းဘာ့ဖြစ်မနေပါဘူး။တစ်ချိန်ကျ skyက ငါ့အပိုင်ဖြစ်လာမှာဘဲကို ဟင်းဟင်း ....ကွန်ဖီးဒက်လယ်ဗယ်စိုးဟိုက်နေသော သီရီ။

ထိုချိန်တွင် သူတို့ရှေ့ရပ်လိုက်သော ကားတစ်စီး..

skyထွက်လာပြီး တစ်ဖက်ခြမ်းကို အမြန်သွားပြီး တံခါးသွားဖွင့်တော့ ကြောင်သွားရသည်။ဘယ်သူမို့လို့ တစ်ကူးတစ်ကကြီးလဲ။ skyရဲ့ ထိုပုံစံကို မမြင်ဖူးသော အာကာပိုင်တို့မှာပါးစပ်လေးဟောင်းလောင်းး..

Unlimited LoveWhere stories live. Discover now