ယွန်းဂီနဲ့ဆော့ဂျင်မျက်လုံးလေးတွေသည် စားပွဲပေါ်ကအရာကြောင့် အရောင်လေးတွေလဲ့နေသည်။ထယ်ယောင်းကတော့ မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်ပြီး ယွန်းဂီမျက်နှာကို မသိမသာခိုးကြည့်နေသည်။နမ်ဂျွန်ကတော့ ပါးချိုင့်တွေထင်းတဲ့အထိပြုံးပြီး ဆော့ဂျင်မျက်နှာကို ပေါ်တင်ကြည့်နေလေသည်။
"အဲ့ဒါဘာတွေလဲ"
ဆော့ဂျင်က စားပွဲပေါ်ကအရာနှစ်ခုကိုလက်ညှိုးထိုးပြီးမေးတော့ နမ်ဂျွန်ကပြာသလဲလဲဖြင့် ဆော့ဂျင်အနားကိုတိုးကပ်ထိုင်သည်။
"ဖုန်းလို့ခေါ်တယ်ကိုကို...တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ချင်ရင်အဓိကထားသုံးတာ...ဂျိုဆွန်းခေတ်ကစာနဲ့အဆက်အသွယ်လုပ်ကြတာမလား...အခုကျတော့နည်းပညာနဲ့ဖုန်းတွေတီထွင်ပြီး...လွယ်လွယ်လေးဆက်သွယ်ရုံပဲ...ဖုန်းနဲ့ဆက်သွယ်လို့လည်းရတယ်...ဓါတ်ပုံရိုက်လို့လည်းရတယ်...စာပို့လို့လည်းရတယ်...အလုပ်လည်းလုပ်လို့ရတယ်...TVလိုလည်းကြည့်လို့ရတယ်...ခေတ်သစ်ဟန်ယန်းမှာဖုန်းမရှိလို့မဖြစ်ဘူးကိုကိုရဲ့"
"အို...ဖုန်းဆိုပြီးပြီပေါ့...အသင်ကအရမ်းလျှာရှည်တာပဲ...နွားတွေလိုပဲလျှာရှည်ပါဘိ!"
ဆော့ဂျင်စကားကြောင့် ထယ်ယောင်းကဆိုဖာကိုရိုက်၍ အသံတိတ်ရယ်သည်။နမ်ဂျွန်ကတော့ မျက်နှာကြီးမဲ့၍ ထယ်ယောင်းကိုလှမ်းကြည့်ပြီး ခန္ဓါကိုယ်နှင့်ကွယ်ကာ လက်ခလယ်ထောင်ပြပြီး ပါးစပ်လှုပ်ရုံအသံတိတ်ဆဲသည်။
"ဖုန်းဆိုတာကိုဘာမှန်းမသိမှာစိုးလို့ပါကိုကိုရယ်"
"ဒရမ်မာထဲမှာကြည့်ဖူးတယ်လို့သိတယ်...မြင်ဖူးတာတော့အခုမှမြင်ဖူးတာ"
"ဟုတ်ကဲ့...ကျွန်တော်ကမသိလို့ရှင်းပြမိတာပါ...စိတ်မဆိုးပါနဲ့နော်"
"ဟိုဘက်ကိုတိုးထိုင်စမ်း...လူသားနံ့တွေမွှန်နေတာပဲ!"
နှာခေါင်းကိုလက်နဲ့ပိတ်ပြီး မျက်ခုံးတွန့်၍ပြောတဲ့ဆော့ဂျင်ကြောင့် နမ်ဂျွန် ထယ်ယောင်းဘေးမှာသွားပြန်ထိုင်သည်။