6

158 20 6
                                    

လသာ​ဆောင်မှာ နွားနို့ခွက်တစ်ခွက်နဲ့ထိုင်​နေတဲ့​ထယ်​ယောင်းမှာ အ​တွေးများ​နေသည်။မှန်သား​တွေနဲ့ချည်း​ဆောက်ထားတဲ့အိမ်မို့ လသာ​​​ဆောင်က​​နေလှမ်းကြည့်ရင် အိမ်ထဲကိုထင်ထင်ရှားရှားမြင်​နေရသည်။မီးဖို​ချောင်က​နေ မုန့်ထုပ်​တွေသယ်ပြီး ဧည့်ခန်းကိုအသွားအပြန်လုပ်​နေတဲ့ အရူးညီအစ်ကိုက ​ခြေ​ထောက်ကိုကားပြီးလမ်း​လျှောက်​နေတာ​ကြောင့် ထူးဆန်း​နေသည်။​သိချင်တာရှိရင်ချက်ချင်း​ထ​မေးရမှ​​ကျေနပ်တဲ့လူမို့ ခွက်ကိုယူပြီးဧည့်ခန်းထဲသို့ပြန်ဝင်လာလိုက်သည်။

"အဲ့နှစ်​ယောက်ဘာလို့ အဲ့လိုလမ်း​လျှောက်​နေတာလဲ"

ဆိုဖာ​ပေါ်မှာကုပ်ကုပ်​လေးထိုင်ပြီး ကျပ်ထုပ်ထိုး​နေတဲ့နမ်ဂျွန်ကိုမေးလိုက်​တော့ မျက်နှာမဲ့ပြီး​ခေါင်းခါပြသည်။အဲ့​နဖူး​စောင်းကဘုက ဘယ်လိုရသလဲ​မေး​တော့လည်းမ​ဖြေ။မ​ဖြေလည်းသိပါတယ်။ဟိုမျက်လုံးပြာပြာနဲ့လူရဲ့လက်ချက်ပဲဖြစ်မှာ။အထုခံရတာ​တောင်နည်း​သေးတယ်။​ရေချိုး​ခိုင်းမယ်ဆိုပြီး ဘာသွားလုပ်လဲမှမသိတာ။

"အဟမ်း!"

​Coco ကာတွန်းကားထိုင်ကြည့်​နေတဲ့နှစ်​ယောက်ကို ​မေးမလို့​ချောင်းဟန့်လိုက်​တော့ ​မော့​တောင်မကြည့်။​အာလူး​ကြော်နဲ့အ​အေး​တွေ​သောက်စားပြီး TVကိုသာပြူးပြဲကြည့်​နေကြသည်။

"အဟမ်း!...ခရမ်း​လေး"

ထပ်​ချောင်းဟန့်ပြီး​ခေါ်​တော့မှ ခရမ်း​​လေးကလှည့်ကြည့်လာသည်။​​အာလူး​ကြော်အမှုန့်​တွေကပ်​နေတဲ့လက်​ချောင်းသွယ်သွယ်​တွေနဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ​​ပေပွ​နေတာ​ကြောင့် သက်ပျင်းချမိလိုက်သည်။အိပ်ခါနီး​တော့ ​သေချာ​​ဆေး​​ကြော​ပေးရဦးမှာပါလား?

"မင်းတို့ညီအစ်ကိုနှစ်​ယောက်...ဘာလို့​ခြေ​ထောက်​တွေကားပြီး​လျှောက်​နေတာလဲ"

​ထယ်​ယောင်းမေး​တော့ ယွန်းဂီနဲ့ဆော့ဂျင်ရဲ့လှုပ်ရှား​နေမှု​တွေ ခဏရပ်သွားသည်။မျက်နှာလည်းရဲတက်လာသည်။

"​ဘာလို့လဲ...​ရေချိုးရင်း​ချော်လဲထားကြလို့လား"

​​ထပ်မေး​တော့လည်းမ​ဖြေ။ထို​မေးခွန်းကို နမ်ဂျွန်လည်းသိချင်တာ​ကြောင့် ကျပ်ထုပ်ထိုး​နေတာကိုရပ်ပြီး ​ဖြေလာမှာကိုနား​ထောင်​နေသည်။

My Little BaekhoWhere stories live. Discover now