10

198 19 19
                                    

တိတ်ဆိတ်​နေ​သော မှန်သား​တွေနှင့်အိမ်ထဲတွင် လူနှစ်​ယောက် ကုန်းကုန်းကွကွနှင့် အလုပ်ရှုပ်​နေကြသည်။အတိအကျဆိုရလျှင် လူနှစ်​ယောက်မဟုတ်ပဲ နတ်ကျားဖြူနှစ်​ယောက်ဖြစ်မည်။ခရမ်းနု​ရောင်မျက်ဝန်း​တွေနှင့်တစ်​ယောက်က ကုတင်​အောက်ကိုဝမ်းလျား​မှောက်ဝင်ပြီး ​ရွှေ​ချောင်း​တွေကိုထုတ်​ပေး​နေသည်။မျက်ဝန်းပြာပြာနဲ့တစ်​ယောက်က​တော့ ထို​ရွှေ​ချောင်း​တွေကိုအဝတ်နဲ့ပတ်၍ ​ကျောပိုးအိတ်အနက်ထဲသို့ထည့်​နေသည်။

"ရပြီငတုံး​လေး...ပြန်ထွက်လာခဲ့​တော့"

ယွန်းဂီက​ခေါင်းညိတ်ပြပြီး ​ဘောက်ဘတ်​လေးလို တွန့်​ဆုတ်တွန့်ဆုတ်နဲ့ထွက်လာ​တော့ ​ဆော့ဂျင်က သူ့ညီ​တော်​ခေါင်းကိုအုပ်ကိုင်ပြီး ကုတင်​စောင်းနဲ့မထိ​စေရန်လုပ်​ပေးသည်။

"သွားကြရ​အောင် ငတုံး​လေး"

ညီ​အစ်ကိုနှစ်​ယောက်လုံးသည် နက်​စွေး​သောဟူဒီ​ခေါင်းစွပ်ဖြင့် အနက်​ရောင်ဂျင်း​​ပွပွကိုတွဲဝတ်ထားကြသည်။တစ်ကိုယ်လုံးမဲနက်​နေကြပြီး ​ခေါင်းစွပ်​အောက်က တစ်စွန်းတစ်ဆထွက်​နေ​သော ဆံပင်ဖြူ​လေး​တွေ​ကိုသာမြင်ရသည်။​​​ရွှေ​ချောင်း​တွေအပြည့်ထည့်ထားတဲ့​ကျောပိုးအိတ်ကို ​ဆော့ဂျင်ကလွယ်၍ ယွန်းဂီလက်ကိုဆွဲပြီး ဟိုကြည့်ဒီကြည့်ဖြင့်ခြံပြင်သို့ထွက်လာသည်။မသိလျှင် ​သူခိုး​လေး​တွေအတိုင်းပင်။

"ကျစ်!...ငါ့​ရွှေဦး​နှောက်က​တော့"

အိမ်နဲ့ခပ်လှမ်းလှမ်း​ရောက်ခါနီး​​တော့ ​ဆော့ဂျင်ကတစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်ခုံး​တွေကျုံ့ပြီး အိမ်ဘက်ကိုပြန်​လျှောက်သွားတာမို့ ယွန်းဂီလည်းခပ်သုတ်သုတ်လိုက်သွားသည်။

"ဘာ​မေ့ခဲ့လို့လဲ အစ်ကို​တော်"

"မျက်နှာအုပ်တဲ့အရာ...ဟိုတစ်​နေ့ကငတုံး​လေးနဲ့အတူကြည့်တဲ့ဒရမ်မာဆိုတဲ့ဟာမှာ...ရုပ်ဖျက်ကြရင်သုံးကြတဲ့အရာ​လေ"

"အို...ဟုတ်သားပဲ...ညီ​တော်လည်း​မေ့သွားတယ်"

လွယ်ကူလွန်းလှ​သော 1ချည်းပဲ​လေးလုံးထားထားသော တံခါး password ကိုနှိပ်၍ အိမ်ထဲကိုခပ်သုတ်သုတ်ဝင်လာကြပြီး နမ်ဂျွန်​ဗီရိုထဲက အနက်​ရောက်maskနှစ်ခုယူသည်။TVမှာမြင်ဖူးထားသည်မို့ ထို့အတိုင်းလိုက်တပ်ပြီးတာနဲ့ အချင်းချင်း​ခေါင်းညိတ်ပြ၍ တက်စီငှားရန် လမ်းထိပ်သို့ထွက်လာခဲ့ကြသည်။နဂိုတည်းက တစ်ကိုယ်လုံးနက်​စွေး​နေ​သောနှစ်​ယောက်သည် အခုတော့မျက်လုံး​လေး​တွေပဲမြင်ရ​တော့တဲ့အထိ ရုပ်ဖျက်ခြင်းကို​အောင်မြင်သွား​လေသည်။

My Little BaekhoWhere stories live. Discover now