4

140 22 6
                                    

မနက်​စော​စောမှာ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ suit အပြည့်အစုံဖြင့် ​ထယ်​ယောင်း ရဲစခန်းကို​​ရောက်​နေသည်။​ထယ်​ယောင်းဘေးတွင်​တော့ ညအိတ်အင်္ကျီဝမ်းဆက်အပြာ​ရောင်ဖြင့် အိပ်မှုန်စုတ်ဖွားဖြစ်​နေ​သောနမ်ဂျွန်ထိုင်​နေသည်။မနက်အ​စောကြီး ရဲမှူးဖုန်းဆက်​ခေါ်လို့​ရောက်လာကြခြင်းပင်။

"အဲ့​တော့...ညတုန်းက​ပျောက်သွားတာ​​ပေါ့"

"ဟုတ်ပါတယ်...​ညစာ​ထမင်းကျွေး​တော့လုံးဝမစားပါဘူး...အဲ့အချုပ်ခန်းက​နေပဲ တစ်စခန်းလုံးကိုကျိန်စာတိုက်ပြီး​အော်ဟစ်​နေတာပါ...ခဏကြာ​တော့​ ပေါင်မုန့်ပဲစားချင်တယ်ဆိုလို့...ပေါင်မုန့်သွားဝယ်​ပြီး​ပေးလည်း​ပေး​ရော...နှစ်​ယောက်လုံးထွက်​ပြေးသွားတာပါ...ဟို...ညသန်း​ခေါင်ကြီးဆို​တော့...အားလုံးကလည်းအိပ်ငိုက်​နေ​တော့...ဘယ်လိုမှရှာမ​တွေ့ပါဘူး...လုံခြုံ​ရေး​ပြောတာ​တော့...နှစ်​ယောက်လုံးကအရမ်းအ​​ပြေးမြန်တယ်တဲ့...သာမန်လူ​​တွေထက်သုံးဆ​လေက်မြန်တယ်ဆိုပဲ...ပြီး​တော့​...ဒီ​နေရာကိုပြန်လာပြီး...မီး​လောင်တိုက်သွင်းပစ်မယ်လို့လည်းပြောသွား​သေးတယ်လို့​ပြောတယ်"

ရဲမှူးစကားကို ​ထယ်​ယောင်းက​ခေါင်းတညိတ်ညိတ်ဖြင့်နား​ထောင်သည်။​ဘေးကနမ်ဂျွန်က​တော့ ခုနကထိအိပ်ချင်မူးတူးဖြစ်​နေရာက​နေ ချက်ချင်းကိုမျက်လုံးမျက်ဆန်ပြူးပြီး 'ကိုကို' ဟု​အော်ပြီး ထငိုတော့သည်။

"​သောက်ကျက်သ​ရေမရှိဘူး ကင်မ်နမ်ဂျွန်...ဘာဖြစ်​နေတာလဲ"

​ထယ်​ယောင်းက အံကျိတ်ပြီး​ပြော​တော့ နမ်ဂျွန်က​ခပ်စူးစူးပြန်ကြည့်သည်။အကြည့်ချင်းစစ်တိုက်​နေရင်း ၊ နှုတ်ခမ်းလှုပ်ရုံဆဲဆို​နေရင်းနဲ့ပဲ ထယ်​ယောင်းအရင်မျက်နှာလွှဲလိုက်သည်။

"အဲ့ဒါဆိုလည်းကျွန်​​တော်တို့ကိုခွင့်ပြုပါဦး...ကျွန်​​တော့်တို့တာဝန်လည်းပြီးသွားပါပြီ...ကျန်တာ​တော့ရဲမှူးတို့အပိုင်းပါ"

​ထယ်​ယောင်းက​ပြောပြီးတာနဲ့ ချက်ချင်းထွက်သွားသည်။ဒီ​နေ့ရုံးမှာအစည်းအ​ဝေးရှိသည်မို့ ရဲစခန်းကိုအချိန်​ပေး၍လာရသည်ကို ​ဒေါသထွက်​နေသည်။ပြီး​တော့ ထိုအစည်းအ​ဝေးကို နည်းနည်းမှ​နောက်ကျလို့မရ။အ​တွင်း​ရေးမှူးဂျီ​​ဆော့ဂျင်းနဲ့ လွှဲထားရင်ပို​တောင်ဆိုးမည်။ဒါ​ကြောင့် နမ်ဂျွန်ကိုဒီအတိုင်းထားခဲ့ပြီး ကား​မောင်း၍ကုမ္ပဏီသို့မြန်မြန်ထွက်လာရ​သည်။

My Little BaekhoWhere stories live. Discover now