8

170 20 16
                                    

"​ထယ်​ယောင်း"

"မဟုတ်ဘူး ငတုံး​​လေး...မျိုးရိုးနာမည်ပါထည့်​ပြောလိုက်"

"ကင်မ်ထယ်​ယောင်း"

"ဘာလဲ...မရဘူးလား"

"ဒါဆို...ကင်မ်နမ်ဂျွန်...ရပြီလား...အို...ဘာ​​တွေ​ငေးငိုင်​နေတာလဲ!...​ဖြေစမ်း!!"

"ဟို...အစ်ကိုတို့​ပြောချင်​တာကို ညီမနားမလည်ဘူး"

mullet ဆံပင်​ကေ​လေး​တွေနဲ့ နတ်ကျားဖြူညီ​နောင်သည် ရပ်ကွက်ထိပ်က 24 hrs စတိုးသို့​ရောက်လာပြီး ဆိုင်ဝန်ထမ်း​ကောင်မ​လေးနဲ့ စကားများ​နေတာဖြစ်သည်။​ကောင်တာ​ပေါ်တွင် အမျိုးအစားစုံလင်လှ​သောမုန့်ထုပ်​တွေရှိ​နေပြီး ဆိုင်ဝန်ထမ်း​ကောင်မ​လေးက ပိုက်ဆံ​တောင်း​နေတာကို ဆရာကြီးနှစ်​ယောက်က ​ထယ်​ယောင်းနဲ့နမ်ဂျွန်နာမည်​ပြော၍ ဝယ်​ဖို့ပြင်​နေတာဖြစ်သည်။ပိုက်ဆံဆို​တာကိုဘာမှန်းမသိ​သေးပဲ ​စျေးလိုက်ဝယ်တိုင်း ​ထယ်​ယောင်းနဲ့နမ်ဂျွန်နာမည်ကို လှမ်း​ခေါ်တိုင်းလိုတာရခဲ့တာမို့ အခုလည်းထိုသို့လုပ်​နေခြင်းပင်။

"ကင်မ်ထယ်​ယောင်းနဲ့ကင်မ်နမ်ဂျွန်...ဒါဆိုရပြီလား!"

"ဟို...အဲ့နာမည်​တွေနဲ့ညီမကဘာလုပ်ရမှာလဲ...ညီမ​ပြောတာပိုက်ဆံရှင်းဖို့ပါ"

"အလို!...ဒုံး​ဝေးလိုက်တာ...​ခေတ်သစ်ဟန်ယန်းက​လူ​တွေတယ်ဒုံး​ဝေးပါဘိ...ငါလည်းအဲ့ဒီပိုက်ဆံရှင်းဖို့​ပြော​နေတာပဲ​လေ"

"ဟုတ်တယ် အစ်ကို​တော်...ငတုံးလူသား​တွေ!"

ဆိုင်​ဝန်ထမ်း​ကောင်မ​​လေးမှာ ရုပ်​ချော​ချော​လေးနှစ်​ယောက်လာဝယ်လို့ပျော်ရွှင်​နေ​သော်လည်း အခု​တော့သူမချည်းအ​ပြောခံ​နေရပြီး စိတ်မနှံ့ပုံ​တွေ​ပေါက်​နေတာမို့ ငိုချင်နေပြီဖြစ်သည်။

"​ငွေသား​ပေးပါ...မဟုတ်ရင်လည်းကဒ်​ပေးပါ"

ထို​ကောင်မ​လေး​ပြော​သောစကားကို နှစ်​ယောက်လုံးနားမလည်တာ​ကြောင့် စိတ်ပျက်​သောမျက်နှာ​တွေဖြင့် တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်​နေကြသည်။နတ်ကျားဖြူညီ​​နောင်နှစ်​ယောက်လုံးရဲ့အ​တွေး​တွေက ​ကောင်တာအ​​ပေါ်ရှိ ခြင်း​တောင်းထဲကမုန့်​ထုပ်​တွေ လက်ထဲ​ရောက်ဖို့သာဖြစ်သည်။

My Little BaekhoWhere stories live. Discover now