4

42 9 3
                                    

     
   လက်ရှိသူတို့ကျောင်း websiteမှာ Trendဖြစ်နေတဲ့ Keywordsက Haruto × Junghwanတဲ့လေ။

အဲ့ဒီနေ့က Basketball Team Captainက Table Tennis clubရှေ့မှာ Team Captainကို စောင့်နေတယ်ဆိုတဲ့ သတင်းက ကျောင်းမှာ တော်တော် hotသွားတာပင်။

အဲ့ဒီနောက် တစ်ယောက်စ နှစ်ယောက်စကနေ tripမှာ သူက Harutoပုခုံးပေါ်အိပ်ပျော်နေပြီး၊ rutoက သူ့ကို နေမထိုးအောင် လက်ကာထားပေးတဲ့ပုံတွေ၊ နှစ်ယောက်သား ကားပေါ်မှာ စကားပြောနေတဲ့ ပုံတွေက ရှူ့ထောင့် အမျိုးမျိုးကနေ တက်လာခဲ့တာဖြစ်သည်။

ပုံမှန်ဂယက်ဆို တစ်ပတ်လောက်နဲ့ ငြိမ်သက်သွားနိုင်သော်ငြား အခုတော့ Team clubရှေ့ အမြဲလာစောင့်ပြီး သူ့အတွက် အအေးဘူးတွေ မုန့်တွေ ရက်မပြတ် လာပို့ပေးနေတဲ့ Rutoကြောင့် သူတို့သတင်းက ကျောင်းမှာ hotဖြစ်နေဆဲ။

နဂိုကတည်းက နှစ်ယောက်လုံးက Team Captain‌ေတွဖြစ်တ‌ဲ့အပြင် ရုပ်ရည်ကြောင့်ရော အရည်အချင်းကြောင့်ပါ ‌မိန်းကလေးတွေတင်မက၊ ယောက်ျားလေးတွေကြားထဲထိ နာမည်ကြီးတာဖြစ်သည်။

ဒီလို ကျောင်းရဲ့မင်းသားလေးနှစ်ပါးက အချင်းချင်းတွဲလိုက်ကြတာလားဆိုတဲ့ topicအောက်မှာ ကြေကွဲနေတဲ့ အမျိုးသမီးတွေရှိသလို၊ သူတို့မရနိုင်တဲ့အတူတူ အချင်းချင်းကြိုက်သွားတာ ပိုကောင်းတယ်ဆိုတဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပင်။

ခေတ်ကာလအရ ပြောင်းလဲလာကြပြီဆိုပင်မဲ့လည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အကောင်းမြင်တဲ့သူတွေ ရှိသလို ဝေဖန်ချင်ကြတဲ့သူတွေလည်း ရှိပင်မဲ့ ဂျောင်ဟွမ်အပေါ် သူတို့ရဲ့အထင်အမြင်တွေက သက်ရောက်မှုမရှိပါ။ ဂျောင်ဟွမ်က ငယ်စဉ်ကတည်းက ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသားကျပြီးသားမဟုတ်လား...။

သူသဘောကျအောင်ကြိုးစားတော့မယ်လို့ ကြေငြာထားတဲ့ Harutoကတော့ တကယ့်ကို ဂျောင်ဟွမ် ဘယ်သွားသွားရှိနေတတ်တာဖြစ်သည်။

နေ့လည်စာစားချိန်တိုင်း တောင်နဲ့မြောက်ဖြစ်နေတဲ့ သူတို့ရဲ့ Management ကန်တင်းထိရောက်လာပြီး ဂျောင်ဟွမ်တို့ အဖွဲ့နဲ့လာစားတတ်ပြီး                
ကျောင်းပိတ်ရက်တေ‌ွမှာလည်း ဂျောင်ဟွမ်ကြိုက်တဲ့ စားသောက်ဆိုင်တွေ လိုက်ပို့ပေးတတ်တာ ...။

RISK & ROMANCEWhere stories live. Discover now