2

35 9 0
                                    


      

       သူကိုယ်တိုင် ဘာတေ‌ွလုပ်နေမှန်း မသိပင်မဲ့ သူ့လုပ်ရပ်တွေက ပုံမှန်မဟုတ်တာကိုတော့ ruto ခံစားမိပါသည် ။

အခုလည်း သူ့ ပုခုံးပေါ်က ခေါင်းလေးမှီဖို့ အဆင်ပြေအောင် လျှောထိုင်ပေးရင်း အိပ်နေတဲ့သူ အနှောက်အယှက်ဖြစ်မှာစိုးလို့ နေရောင်ကိုပါ လက်နဲ့ကာထားပေးမိသတဲ့လေ ...။

အဲ့ဒါတွေထက် ပိုထူးဆန်းတာက  ပုံမှန်ထက်အဆမတန်မြန်နေတဲ့ သူ့ရင်ခုန်သံတွေ ...။ အခုန်လွန်ပြီး ကားလမ်းမပေါ်မှာ ပြုတ်ကျတော့မလားထင်ရအောင် သူ့နှလုံးခုန်သံတွေက မြန်ဆန်နေတာပင်။

         မေဂျာ 2ခုပေါင်းပြီး ထွက်တဲ့ခရီးမို့ ယောက်ျားလေးသက်သက်၊ မိန်းကလေးသက်သက် ကားတစ်စီးစီ ထွက်လာတဲ့ ခရီးမှာ ကားမူးတတ်လို့ဆိုပြီး ဂျောင်ဟွမ်က နောက်ဆုံးတန်းမှာ တစ်ယောက်ထဲနေရာယူထားတာဖြစ်သည်။ အဲ့ဒီနောက်ဆက်တွဲကတော့ သူပါ ကားမူးပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့ဒီကောင်လေး‌ေဘးရောက်‌ေနခဲ့ပြီး ခုလိုအခြေအ‌နေမျိုးဖြစ်နေရခြင်းပင်...။

     " မင်း နိုးပြီလား ...။  နေ့လည်စာစားဖို့ ခဏနားကြတာ၊  မင်း သူငယ်ချင်းတွေ လာနှိုးသေးပင်မဲ့ မင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ သူတို့က မင်းအတွက်စားစရာဝယ်ထားနှင့်မယ်ဆိုပြီး ဆင်းသွားတာ "

  " က‌ားပေါ်မှာ မင်းနဲ့ငါပဲ ကျန်တာလား "

" အင်း ငါလည်း ကားမူးပြီး ဗိုက်သိပ်မဆာတာနဲ့ မဆင်းဖြစ်ဘူး...။ မ‌င်း ဆင်းမယ်ဆို ငါ အဖော်လိုက်ပေးမယ်လေ "

သူ့ပုခ‌ံုးတွေကို အညောင်းပြေအောင်ထုရိုက်ရင်း ပြောလိုက်တော့ ပတ်ဝန်းကျင်ကို အကဲခတ်နေပုံရတဲ့သူရဲ့ အာရုံတွေက ခုမှ သူ့ဆီရောက်လာသည်။

" တောင်းပန်ပါတယ်..။ ငါ့ကြောင့် မင်းပုခုံးတွေ နာနေမှာပဲ "

သူနေရာပြင်လိုက်မိရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေး နှိုးသွားမှာစိုးလို့ တစ်လမ်းလုံး ပုံစံမပျက်အောင် နေလာတာမို့ သူ့ပုခုံးတွေနာနေတာတော့ အမှန်ပင်။

RISK & ROMANCEWhere stories live. Discover now