7

52 10 2
                                    


" အိမ်ရောက်ရင် ဖုန်းခေါ်လိုက်မှာမို့ အပြန်ဆေးခန်းဝင်ဖို့ မ‌မေ့နဲ့နော် "

သူစာပို့ထားတာ မိနစ်အတော်ကြာတဲ့ထိ replyမပြန်သေးတဲ့သူကြောင့် ဂျောင်ဟွမ် သက်ပြင်းချမိတော့ ကားမောင်းနေတဲ့ ဒယ်ဒီက လှည့်ကြည်လာတာပင်။ " ဟီး " ခနဲ ဂျောင်ဟွမ် သွားဖြဲပြပင်မဲ့ ဒယ်ဒီက သူ့ကိုကြည်တဲ့ပုံတော့မပေါ် ..။

" ဒယ်ဒီက ကျောင်းကိုလိုက်လာမယ်ဆိုလည်း သားကိုကြိုပြောသင့်တာပေါ့ "

" ငါ့ယောက်ျားက အိမ်ပြေးလုပ်နေတဲ့ ကောင်လေးကို သွားဖမ်းပေးပါဦးဆိုလို့ လိုက်လာရတာ ။ အခုလို ရင်ဝဆောင့်ကန်မယ်လို့တော့ မထင်ထားဘူးလေ "

" ဒယ်‌ဒီက အခြေအနေရိပ်မိတယ်ဆိုလည်း နည်းနည်းပါပြုံးရယ်ပြဦးပေါ့ ! အခုတော့ ဒယ်ဒီ့ ရုပ်တည်ကြီးကြောင့် ဟိုက လန့်သွားရင် သားပဲ ရင်ကွဲရမှာ "

" ခွေးကောင်လေး !! အဲ့ဒါ ဖအေကို ပြောရမဲ့စကားလား ကွ " 

" ပါးပါးကို ပြန်ပြောပြမှာလား "

" အခုချိန် ငါ့သားလေးခေါင်းထဲမှာ မင်းပါးပါးကို ဘယ်လို ဆင်ခြေမျိုးပေးပြီး ချော့ရမလည်းဆိုတာ ကြိုတွေးထားရင် အိမ်ရောက်တဲ့အခါ သိပ်မပင်ပန်းတော့ဘူးပေါ့။ ဒယ်ဒီက ငါ့ သားလေးအတွက် အကြံပေးတာနော် "

သူ့ရဲ့ စိတ်ပျက်လက်ပျက် ကားနောက်မှီကို ပစ်မှီလိုက်တဲ့ ပုံကိုကြည့်ရင်း ဒယ်ဒီက သဘောတကျရယ်တော့တာပင်။ ပါးပါးပြောသလို သူတို့သားဖက ကြောင်နဲ့ကြွက်ဆိုပင်မဲ့ ဂျောင်ဟွမ်အတွက် ဒယ်ဒီက ဘဝမှာ ဘယ်အရာမှ ခြွင်းချန်မထားပဲ အကုန်တိုင်ပင်လို့ရတဲ့ အကောင်း‌ဆုံးသူငယ်ချင်းပင်။

~~~

ဒယ်ဒီ ဂိုဒေါင်ထဲ ကားသွင်းနေတဲ့အချိန် ဧည့်ခန်းထဲမှာ စာရင်းလုပ်ရင်း သူတို့သားဖပြန်အလာကို စောင့်နေတဲ့ ပါးပါးဆီ ဂျောင်ဟွမ်အရင်ပြေးကာချွဲရ၏။

" ပါးပါးကို သားက တအားလွမ်းနေတာ "

ပါးပါးထက် နှစ်ဆလောက်ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ကြီးကို အားမနာ ပါးပါးရင်ခွင်ထဲ အတင်းတိုးဝင်တော့တာပင်။

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

RISK & ROMANCEWhere stories live. Discover now