6

56 10 3
                                    



" အဲ့လောက်တောင် သဘောကျလား။ ငါမင်းနဲ့ အတူလာနေတာကိုလေ "

တိုက်ခန်းပြန်ရောက်ကတည်းက မနားသေးပဲ ညစာတန်းပြင်နေတဲ့သူက အရမ်းကို တက်ကြွနေတာကြောင့် မေးမိတော့ ..

" အင်း .. မင်းအတူရှိနေတဲ့ အချိန်တိုင်း သဘောကျတယ် "

ဂျောင်ဟွမ်ကစနောက်ပြီး မေးလိုက်တာဖြစ်ပင်မဲ့ ထမင်းစားပွဲမှာ ထိုင်နေတဲ့သူ့ရှေ့ ခေါက်ဆွဲပန်းကန်ကိုချပြီး သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းပြီး ဖြေလာသူကြောင့် ရင်ခုန်ရသူက ဂျောင်ဟွမ်ပင်။

" အဟမ်း .. မင်းအသားယူတာခံဖို့ အတူလာနေတာ မဟုတ်ဘူးနော် ..။ ပြိုင်ပွဲတွေရှိတဲ့ကြားက ငါ့ကိုအကြိုအပို့လုပ်ပြီး မင်းကို သက်သက် မပင်ပန်းစေချင်လို့ လာနေပေးတာ "

" သိပါတယ်ကွာ ..။ ဒါက မင်းကို ညစာပြင်ပေးလိုက်ရလို့ ပင်ပန်းသွားလို့ အမောဖြေတာ "

သူ့ကို ပိုတယ်ဆိုတဲ့ သဘောနဲ့ နှာခေါင်းရှုံ့ပြလာတဲ့ ကောင်လေးကြောင့် Rutoအသံထွက်ကာ ရယ်လိုက်မိသည်။

~~~

" မနက်ဖြန် ငါ့ရဲ့ ဗိုလ်လုပွဲကို လာခဲ့ဦးမှာလား "

" အင်း .. လာခဲ့မှာလေ "

" မနက်ပိုင်းက မင်းရဲ့ဗိုလ်လုပွဲဆိုတော့ ... မင်း ပင်ပန်းနေမှာ "

သူ့လက်မောင်းပေါ် ခေါင်းတင်ထားတဲ့ ဂျောင်ဟွမ်ဆံပင်တွေကိုဖွရင်း ဆိုလာသူကို ဂျောင်ဟွမ် ခေါင်းမော့ကြည့်လိုက်မိသည်။

" မင်း ငါ့ကို မလာစေချင်လို့ပြောနေတာလား ... Haruto "

" ငါက မင်းကို မလာစေချင်တာ ဖြစ်ပါ့မလား။ မင်းကို မပင်ပန်းစေချင်တာ။ ငါ့အတွက်က မင်းမျက်နှာလေး မြင်ရရင် ပိုပြီးအားဖြစ်တာပေါ့ "

" မင်းအတွက် ပိုအားဖြစ်အောင် ငါအနိုင်ကစားပြီး ... မင်းကို လာအားပေးမယ် "

သွေးကြောတွေစိမ်းယှက်နေတဲ့ ပါးပြင်နုနုပေါ် Rutoနှာခေါင်းနှစ်လိုက်မိသည်။

" ဂျောင်ဟွမ် .. မင်းသိလား ..။ ငါ အခု စိတ်တွေ ဘယ်လောက်ထိန်းချုပ်ထားရလဲဆိုတာ "

RISK & ROMANCEWhere stories live. Discover now