Part 23(Uni+Zawgyi)

1.8K 22 3
                                    

(Uni)

လွန်ခဲ့သည့် မနက် ၆နာရီက....

ကြယ်စင်သန့်သည် မနက် ၆နာရီထိုးတော့ကြောင့် သူမ၏အိပ်ရာနားမှ စားပွဲပေါ်က Alamနာရီမှာ မြည်လာခဲ့သည်။

"ကလင် ကလင် ကလင်..ကလင် ကလင် ကလင်"

"အီးးး "

သူမသည် နှိုးစက်မြည်လာသည်ကြောင့် အမြန်နိုးလာ၍ အကြောဆန့်လိုက်ပြီး အိပ်ရာကနေ ထလာခဲ့သည်။သူမသည် ထိုမနက်ပိုင်းမှာ စိတ်ကြည်ကြည်လင်လင်ဖြင့် အိပ်ရာကနေနိုးလာခဲ့သည်။အဘယ်ကြောင့်ဆိုသော် မနေ့ညက သူမစောင့်မျှော်နေခဲ့ရသည့် အဖေဖြစ်သည့်သူနှင့် အဆက်အသွယ်ရခဲ့သည်ကြောင့်ဖြစ်၏။

ထိုအချိန် သူမသည် ရေချိုးခန်းထဲ၀င်လိုက်၍ မျက်နှာသစ် သွားတိုက်ပြီး ရေချိုးခန်းအပြင်ဘက်ကနေ သူမ၏မျက်နှာကို Towerတစ်ထည်နှင့်သုတ်လျက်ထွက်လာခဲ့သည်။
ထိုအချိန် သူမ၏ အိပ်ရာပေါ်မှာထိုင်နေသည့် သူမ၏အမေသည် သူမကို ဒေါသမျက်၀န်းနှင့်ကြည့်နေလေသည်။

"အ အမေ"

"ကြယ်စင်သန့် ညည်းမှန်မှန်ပြောစမ်း ညည်းမနေ့ညက ညည်းအဖေနဲ့အဆက်အသွယ်ပြန်ရတယ်မဟုတ်လား ညည်းမှန်မှန်ဖြေနော် ငါ့ကိုလိမ်ဖို့ မကြိုးစားနဲ့"

"အ အမေ အဲဒါကို ဘယ်လိုလုပ်ပြီးသိ.."

"တိတ် ငါ့ကိုပြန်မမေးနဲ့ ငါမေးတာဘဲဖြေ"

"ဟို ဟို .."

"ညည်းငါ့ကိုလိမ်ဖို့စိတ်မကူးနဲ့နော် ကြယ်စင်သန့်"

ကြယ်စင်သန့်မှာ မနေ့ညက သူမအဖေနှင့်အဆက်အသွယ်ရသွားသည်ကို သူမ၏အမေက ဘယ်လိုလုပ်ပြီး သိသွားသည်ဆိုတာ စဉ်းစားမရဖြစ်သွားလေသည်။ကြည့်ရတာ သူမ၏အမေသည် အကြောင်းစုံသိနေပြီးဖြစ်၍ သူ့ကိုလိမ်လို့ရမည့်ပုံမပေါ်ပေ။

"ဖြေစမ်း ကြယ်စင်သန့် ညည်းဘာလို့တိတ်နေတာလဲ ဟမ်"

သူမစဉ်းစားနေတုန်း သူမအမေက အော်ငေါက်လိုက်သည်ကြောင့် လန့်သွားမိသည်။
သူမကလည်း သူမအမေ၏ဒေါသကိုသိနေတော့ကြောင့် ဆက်လိမ်လို့မရသည့်အဆုံး..

"အမေ ဘယ်လ်ိုလုပ်ပြီး အဲဒါကိုသိတာလဲ"

"ငါပြောပြလိုက်တာ"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now