Part 11(Uni+Zawgyi)

1.6K 23 3
                                    

(Uni)

အချိန်ကား မနက် ၁၀နာရီပင်ဖြစ်သည်။လ၀န်းသည် မနက်စာစားပြီးသည်နှင့် သူမမရသည့် သချာ်တွက်စာများကို တွက်နေသည်မှာ အခုချိန်ထိပင်ဖြစ်သည်။

"ဒေါက် ဒေါက် ဒေါက်"

"ဘယ်သူလဲ"

"ငါဘဲ အုန်းမုတ်ခွက်မ"

"ဘာလုပ်ဖို့လဲ ကိုကို ညီမလေးအခု သချာ်တွက်နေတယ်"

"ဟဲ့ နင်အထဲမှာဘဲ ငါ့ကိုပြောမနေနဲ့ တံခါးလာဖွင့်ပေးဦးလေ"

"ဘာလုပ်ဖို့လဲလို့"

"စကားကြောမရှည်နဲ့ ငါကတံခါးဖွင့်ဆိုဖွင့်လိုက်"

သူမမျက်မှောင်ကြုံ့လိုက်ပြီး သူမအကိုကိုတံခါးသွားဖွင့်ပေးလိုက်သည်။

"ဘာလဲ ကိုကို မြန်မြန်ပြော ညီမလေးစာလုပ်ရဦးမယ်"

"အမယ် စာတော်တော်ကြိုးစားနေတယ်ပေါ့လေ ဟုတ်လား အုန်းမုတ်ခွက်မ"

"‌ကြိုးစားရမှာပေါ့လေ ဒီအပတ်သာ စာမေးပွဲမအောင်ပြန်ရင် တစ်ယောက်ယောက်နဲ့စော်ပလော်တီးခံရမှာကို ကြိုသိနေတာကိုး"

"အဲဒီတစ်ယောက်ယောက်ဆိုတာ င့ါကိုပြောနေတာလား အုန်းမုတ်ခွက်မ"

"ဘယ်သူရှိရဦးမှာလဲ ကဲ့ မြန်မြန်ပြော ကိုကို ညီမလေးဒီနေ့စာတွေအများကြီးလုပ်ရဦးမှာ"

"အေးပါ ငါပြောပါ့မယ် ကဲ့ အုန်းမုတ်ခွက် ညနေ၃နာရီကျရင် နင့်ကိုငါHappy Worldလိုက်ပို့ပေးမယ် အဲဒါနင်သိအောင်ငါ‌လာပြောတာ"

အမယ်လေး ဘုရားရေ!ထိုစကားကိုပြောသည့်သူက သူမ၏အကိုမှဟုတ်ရဲ့လား။သူမအကိုလိုကတ်သီးကတ်သတ်လိုလူမျိုးက သူမကိုထိုစကားပြောသည်ဆိုတော့ သူမနားကိုတောင်မယုံနိုင်ပင်ဖြစ်သည်။
သူမသည် သူမအကိုကိုအံ့ဩသည့်အကြည့်‌နဲ့ကြည့်နေစဉ်..

"အငယ်မ နင်ဘာလို့ငါ့ကိုအဲဒီလိုကြည့်နေတာလဲ နင့်အကြည့်ရဲ့အဓိပ္ပာယ်ကိုငါသိတယ်နော်"

"ဟုတ်တယ်လေ ကိုကိုက ညီမလေးကို ဘယ်တုန်းက ကစားကွင်းလိုက်ပို့ပေးဖူးလို့လဲ ညီမလေးကစားကွင်းသွားချင်လို့ ကိုကို့ကိုပူဆာခဲ့တာတောင် ကိုကိုကလိုက်မပို့ချင်ခဲ့ဖူးဘူးလေ အခုက ဘာစိတ်များပေါက်သွားလို့..."

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now