Part 15(Uni+Zawgyi)

8.2K 49 7
                                    

(Uni)

ဇိုင်းသည် လ၀န်းစာမေးပွဲဖြေလို့ပြီးသည်အထိ သူမ၏အိမ်ကိုနေ့တိုင်းလာပြီးစာလာပြပေးပြီး စာလည်းလာစစ်ပေးသည်။ပြောရလျှင် သူမစာမေးပွဲဖြေသည့်တစ်လျှောက်လုံး ဇိုင်းကဘဲ စာနဲ့ပက်သက်တာမှန်သမျှ သူမကိုကူညီပေးခဲ့သည်။သူမကလည်း ဒီအပတ်စာမေးပွဲမှာ ဘာသာစုံအောင်ချင်တာကတစ်ကြောင်း ဇိုင်းနှင့်သဘောတူညီထားသည့်ကိစ္စကိုလည်း အကောင်အထည်ဖော်ချင်တာက‌တစ်ကြောင်း စာကိုမရကြိုးစားပြီး စာမေးပွဲကိုဖြေခဲ့သည်။ဇိုင်းသည် သူမနှင့်စာတွေကူကျက်ပေး ကူလုပ်ပေးသည်ကြောင့် ထိုစာမေးပွဲရဲ့ ဘာသာတိုင်းမှာ မေးလာတဲ့မေးခွန်းမှန်သမျှကို ဟိုအရင်ကလိုအခက်မအခဲသိပ်မရှိတော့ဘဲ ဖြေနိုင်ခဲ့သည်။ပုစ္ဆာတွေရဲ့မေးခွန်းတွေကို မဖတ်တတ်သည့်သူမသည် ဇိုင်း၏သင်ပြမှုကြောင့် မေးခွန်းတွေဖတ်တတ်လာပြီး မေးလာသည့်ပုစ္ဆာမှန်သမျှကို ဖြေနိုင်ခဲ့ပါသည်။

နောက်ဆုံးတော့ သူမတို့၏ ဒီဇင်ဘာနှစ်၀က်စာမေးပွဲမှာ ပြီးသွားခဲ့ပြီးဖြစ်သည်။သူမတို့သည် စာမေးပွဲဖြေပြီးသွား၍ ‌ အခုမှသာ အသက်ကို ၀အောင်ရှူနိုင်တော့သည်။သူမသည် စာမေးပွဲကာလအတွင်း စာနှင့်သာ လုံးပန်းခဲ့ရသည်မို့ အသက်၀၀ရှူဖို့အချိန်တောင်မရှိခဲ့ပါ။

"ဟဲ့ လ၀န်း နင်ဖြေနိုင်လား ဒီအပတ်မေးခွန်းတွေက နည်းနည်းခက်နေသလိုဘဲနော်"

"အင်း ဒါပေမယ့် ဟိုအပတ်တုန်းကလိုတော့ သိပ်မခက်ပါဘူးဟ Bioမှာ အလွယ်တွေချည်းမေးသွားတာ ...နင်ရော ဇွဲ"

သူမသည် ကြယ်စင့်ကိုပြောနေရင်း ဇွဲဘုန်းထက်ကိုပါမေးလိုက်သည်။သူမနှင့်ဇွဲဘုန်းထက်သည် ခင်တာသိပ်မကြာသေးပေမယ့် စာလုပ်ဖော်စာလုပ်ဖက် ပါတနာဖြစ်‌ေနသည်ကြောင့် သူစိမ်းဆန်စွာ နာမည်အပြည့်အစုံမခေါ်သင့်တော့ဘူးဟုသူမထင်မိသည်။

ဇွဲဘုန်းထက်သည် သူ့ကိုလ၀န်းမေက မထင်မှတ်စွာ ရှေ့နာမည်ကို အဖျားဆွတ်ပြီးခေါ်လိုက်သည်ကြောင့် သဘောကျသွားမိသည်။သူကလည်း...

"အင်း လ၀န်း ငါဖြေနိုင်ပါတယ် မေးခွန်းတွေက ထင်သလောက်လည်းမခက်ဘူးနော်"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now