Part 12(Uni+Zawgyi)

1.8K 31 7
                                    

(Uni)

"ကိုကိုဇိုင်း လ၀န်းတို့ချားရဟတ်စီးရအောင်"

လ၀န်းသည် သူမထက် အရပ်အများကြီးရှည်နေသည့် ဇိုင်းကို မော့ကြည့်ပြီး ပြောလိုက်သည်။

"ဟင် ကလေးက ချားရဟတ်စီးချင်တယ်"

"ဟုတ်တယ် ကိုကိုဇိုင်း အမှန်အတိုင်းပြောရရင် လ၀န်းလေ ကိုကိုနဲ့အတူ သရဲအိမ်လည်း၀င်ချင်တယ် အရုပ်လည်းကောက်ချင်တယ် ချားရဟတ်လည်း စီးချင်တယ်"

သူမစိတ်ထဲမှာ ဇိုင်းနှင့်အတူ လုပ်ချင်သည့်အရာတွေကို ပြောလိုက်ပေမယ့် ဇိုင်းကတော့ ခေါင်းတစ်ချက်ညိတ်၍ ပြုံးလိုက်ပြီး..

"အေးလေ ကလေးက ကိုယ်နဲ့အတူ အဲဒီအရာတွေလုပ်ချင်တယ်ဆိုရင်‌လည်း ကိုယ်ကလိုက်လုပ်ပေးရမှာပေါ့ ဒါပေမယ့် တစ်ခုတော့ရှိတယ်"

ဇိုင်းသည် သူမငုံ့၍ စိုက်ကြည့်လိုက်ပြီး...

"ဟင်"

သူမသည်လည်း သူမကိုတည့်တည့်စိုက်ကြည့်လာသည့်ဇိုင်းကို မျက်လုံးပြူးနှင့်ကြည့်နေမိသည်။

"ဒီနေ့ ကလေးလုပ်ချင်တာတွေကို ကိုယ်လိုက်လုပ်ပေမယ့် ဒါပေမယ့် ဒီအပတ်ဖြေမယ့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ဘာသာစုံအောင်အောင်ဖြေပေးရမယ် တစ်ဘာသာမှမကျစေဘဲနဲ့လေ"

"ဟင်"

ဇိုင်းသည် သူမငုံ့၍ ထိုသို့မျက်နှာတည်ဖြင့်ပြောလိုက်ပြီးနောက် သူ့ကိုယ့်ကို ပြန်မတ်လိုက်သည်။

"ဘာလဲ မလုပ်နိုင်ဘူးလား"

"ဟို ဟို.."

"ကလေးက ညဏ်ကောင်းပြီးသားပါ စာနည်းနည်းကျက်လိုက်ရင် ရမယ်မှန်းကိုယ်သိတယ်မနက်ဖြန်ကစပြီး ကိုယ်ကလေးအိမ်မှာ နေ့တိုင်းစာလာပြပေးမယ် ကလေးက ကိုယ်ပြပေးတဲ့စာတွေကို ကောင်းကောင်းလုပ်ပေးရင် လုံလောက်ပြီး ကလေး ဒီအပတ်စာမေးပွဲကို အောင်အောင် ဖြေပေးပါ့မယ်လို့ ကိုယ့်ကို ကတိပေးနိုင်မလား"

ဇိုင်းသည် သူမကို အတည်ပေါက်ပုံစံနှင့်ပြောနေသည်ကြောင့် သူမသည် အကျပ်ရိုက်သွားမိသည်။ဒီအပတ်စာမေးပွဲကို သူမအောင်အောင်ဖြေနိုင်ပါ့မလား။အရင် အပတ်တွေက သူမတွက်စာတွေမှာအားနည်းနေတော့ကြောင့် စာမေးပွဲတိုင်းမှာ အမှတ်ကောင်းကောင်းမရပေ။သူမလုပ်နိုင်ပါ့မလား။

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now