Part 2(uni+ zawgyi)

3.2K 40 0
                                    

လ၀န်းမေသည် သူမအကိုနှင့်ဇိုင်းကိုစောင့်နေရင်း စာကျက်နေလိုက်သည်။သူမကစာသာကျက်နေရပေမယ့် သူမရဲ့စိတ်က သူမခနကတွေ့ခဲ့တော့ သူမအကို၏သူငယ်ချင်း ဇိုင်းထက်မာန်ဆိုသည့် သူဆီမှာပင်။

"အဲ့ အကိုက အရမ်းချောလိုက်တာ ဘာတွေများစားထားလို့ဒီလောက်တောင်ချောရက်ရတာလဲ မသိဘူး ငါတောင်မိန်းကလေးဖြစ်ပြီး သူချောတာကို လိုက်မမှီဘူး  မနာလိုလိုက်တာ အဟိဘာလို့ လူက အဲ့လောက်တောင်ချောရက်ရတာလဲ  ငါကောင်လေးသာဖြစ်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ အဟိ"

သူမတစ်ယောက်တည်းတွေးပြီး သဘောကျနေရင်း...

"ဟေ့ အုန်းမုတ်ခွက်"

"အမယ်လေး"

သူမဇိုင်းအကြောင်းတွေးရင်းသဘောကျနေရင်း သူမပုခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်ကြောင့် သူမလန့်သွားသည်။သူမပုခုံးကိုပုတ်လိုက်တဲ့သူကိုကြည့်လိုက်တော့ သူမအကိုပင်။

"ကိုကို "

"မိလ၀န်းမေ နင်က ဘယ်ကောင်အကြောင်းတွေးနေလို့ ငါခေါ်တာတောင် လန့်သွားတာလဲ လူကလက်တောက်လောက်ဘဲရှိသေးတာကို ရည်းစားထားဖို့စိတ်ကူးနေပြီးလား ဟမ်"

သူမစိတ်ထဲမှာ တွေးနေသည်ကို သူမအကိုက သိနေသည်ကြောင့် သူမအံ့ဩသွားမိသည်။

"ဟိုက် သူကဘယ်လိုလုပ်ပြီး ငါ့စိတ်ထဲမှာဘာတွေးနေလဲဆိုတာကို သိနေရတာလဲ သူက ဗေဒင်ဆရာလား ငါအခုဘဲ ကိုကိုဇိုင်းအကြောင်းတွေးနေတာလေ"

သူမစိတ်ထဲမှာ သူမအကိုကိုမေးခွန်းထုတ်နေရင်း..

"ဟဲ့ ငါပြောတာကြားလား အုန်းမုတ်ခွက်မ"

သူမအကိုက သူမစဉ်းစားနေရင်း သူမအနားကပ်ပြီး အော်လိုက်သည်။

"အမယ်လေး ကြား ကြားပါတယ် ကိုကိုကလည်း လန့် လန့်သွားတာဘဲ "

"အေး နင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူးများမှတ်နေလား ဟင်း အုန်းမုတ်ခွက်မ နင်ကြပ်ကြပ်သတိထား"

"ကိုကိုကလည်း"

"ဘာကိုကိုကလည်းလဲ ငါလုပ်ထည့်လိုက်ရ  လာ ကြက်ကြော်စားမယ် အောက်မှာ ဇိုင်းစောင့်နေတယ်  အခု ကြက်ကြော်စားဖို့ နင့်ကိုလာခေါ်တာ "

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now