Part-5

1.7K 85 14
                                    

"ဘာတြွေဖစ်ကုန်တာလဲ?'"

"ဘုံနန်းမြိုင်"

မာဂရက်က ပြိုတော့မည့်မိုးလို ငိုမဲ့မဲ့ နှင့် သူမဆီအပြေးလာသည် ။

ရင်အစုံတုန်လှုပ်နေတာ မပြေရသည့်အထဲ မာဂရက်ပုံစံကြောင့် သူမပိုပြီးလန့်သွားရသည်။

"ဘာဖြစ်လာတာလဲ"

"ငါတို့ မနေ့ကစမ်းနေတဲ့ resultတွေ
apparatus reagentအကုန်ဟာ ပျောက်ကုန်လို့!"

"ဘာ!!!!!"

ဘုံမျက်ရည်တောင်ဝိုင်းသွားသည်၊ဒီကိစ္စတွေပြီးဖို့ သူမ ဘယ်လိုစိတ်အားတင်းပြီး လုပ်နေရလဲဆိုတာ သူမကိုယ်သာအသိဆုံး

"နင် တို့ရှိနေရဲ့သားနဲ့ဟာ!!!!"

အပ်နှင်းကပါ အနားရောက်လာပြီး

"ငါတို့ကို နင်အပစ်မတင်ပါနဲ့ နင်ဒီနေ့ တနေကုန် အပြင်စုံထွက်နေတာ အိမ်ထဲမှာ ငါတို့လည်း ပျင်းတော့ တောစပ်နားသွားတုန်း••••'"

"ဘယ်လို ဒီညနေခင်း ထိ မရှိခဲ့ဘူးပေါ့"

"အင်းလေ ပစ္စည်းတွေကလည်း ငါတို့ လုပ်နေတဲ့ နေရာမှာပဲထားခဲ့တာ လူသူလေးပါးလည်းမရှိတော့ စိတ်ချရတယ်ထင်ပြီးသွားမိတာပေါ့"

အပ်နှင်းပုံစံကပြန်တောင်ရန်တွေ့ချင်သည့်ပုံ

"ဒါဆိုလည်း နင်တို့ကားကိုရအောင်ပြင်ပေါ့ လိုတာ သွားဝယ်ဖို့က"

"အေးပါ စိတ်ချ မာဂရက်ကလည်း အလကားသက်သက် သူ့ကိုစိတ်ပူအောင်သွားပြောနေတာပဲ လာ!!!!"

အပ်နှင်းက ဘုံအပစ်တင်တာကို မကြိုက်သလို ပြုမူကာ လက်ဆွဲခေါ်သည်
နောက်နားဆီက ဘွဲ့ဖြူလျောက်လာတာတွေ့တော့

"နင်ကလည်း ဘယ်တွေသွားနေတာလဲ နိုဘယ်ရော?'"

"နိုဘယ် ကနေမကောင်းလို့ အခန်းထဲ ပြန်အိပ်နေတာ နေ့ခင်းထဲကလေ"

"နင်ကရော"

"ငါလည်းဟိုဟိုဒီဒီပေါ့ နင်တို့ ဉီးဆောင်တို့ကအိမ်မှာနေပြီး ပစ္စည်းပျောက် မှ ဘေးလူလာမမဲနဲ့လေ "

"အမလေး ပြောရတယ်ရှိသေး ပစ္စည်းပျောက်လည်း ဘာအရေးလဲ ထပ်လုပ်လို့ရတာပဲ နင်သာ ပစ္စည်းတက်ဝယ်ပေးဖို့ ကားပြန်ပြင်ပေးဦး"

မာယာကျော့ရှင် (1930)Where stories live. Discover now