part-1

12.7K 187 8
                                    

မြို့ပြအရိပ်ယောင်တို့က အရှိန်ပြင်းစွာမောင်းနေသော ကားနောက်္မှာ တရိပ်ရိပ်ပြတ်ကျန်ခဲ‌့‌ေလသည်။
သီချင်းနားကြပ်တပ်နားထောင်နေပေမယ့်
ဘာကိုမှ အလေးနက္မထားသည့်အလျောက်
ဟိုငေးဒီငေးလုပ်လိုက်
လှုပ်ယွသီဆိုနေသော ဘော်ဒါအုပ်ကိုကြည့်လိုက်နှင့် ခပ်သာသာလိုက်ပါလာမိသည်။

အပျော်ခရီး နှင့် နောက်ဆုံးနှစ် ကျောင်း projectအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်္မှာ
ကားတစ်စီး ရိကာ အပြည့်စုံနှင့် သူမတို့ တစ်အုပ် အေးအေးဆေးဆေး နှပ်ကာ လိုက်ပါလို့ရခဲ့သည်။

"မာဂရက် နင့်အသံကြီးကိုလျော့"

"ယူက လျော့ရမှာ တို့က မလျော့နိုင်ပေါင်
တစ်ခါတစ်လေလေးကဲရတာ"

"ဟဲ့ တတိယနှစ်ကျောင်းတက်တုန်း ကလပ် ခိုးသွားလို့ ဆူခံထိတာ ဘယ်သူလဲ"

"အာ့တာကတစ်ခါတစ်လေ "

"အံမာ!!!"

ဆူညံစွာ ငြင်းခုန်နေကြတာကို သူမ ဒီတိုင်းကြည့်ရင်း ပီကေလေးထုတ်ဝါးနေလိုက်သည်။
ရှေ့ခန်းက ကားမောင်းနေသော ဦးဆောင်
က

"နင်တို့တွေ ငြိမ်ငြိမ်နေစမ်း ကားမောင်းနေတဲ့လူကိုပါ လာထိနေပြီ"

"အမလေး ကြီးကြီးကျယ်ကျယ်နဲ့"

မာဂရက်က နှုတ်ခမ်းပါးပါးသေးသေးလေးကို မရရအောင်မဲ့ကာ နောက်ခုံဆီ တိုးကပ်‌၀င်ထိုင်ပစ်၏။

စာအုပ်တစ်အုပ်နဲ့ ငြိမ်သက်နေသော
နိုဘယ် ကို အပ်နှင်းစံ က မျက်္မှန်အတင်းဆွဲချွတ်ကာ စလေတော့ ဒေါသမထွက်တတ်သော နိုဘယ်က ရယ်ဟဟရယ်ကာ

"ငြိမ်ငြိမ်နေကြစမ်းပါ မျောက်္မတွေရယ်
ဟိုမှာ ပါလာတဲ့ တစ်ယောက်ဆို ငြိမ်နေတာပဲ"

"ဟားး ဟုတ်ပါ့ ဒါပေမယ့် ဘွဲ့ဖြူ လာရင်တော့ သူရယ်မိမှာပဲ"

ဘွဲ့ဖြူ ဆိုသောနာမည်ကြားမှ သူမ မျက်္မှောင် ကျုံ့မိသည်။

စောင့်ကြွားကြွား မချိုမချဉ် မျက်နှာနှင့်
လူတစ်ယောက်ကို ဒေါက်ဖြုတ်တာမျိုး
မရယ်ရယ်အောင်လိုက်စတာမျိုးမှာ အင်မတန်ကျွမ်းကျင်သောလူတစ်ယောက်

မာယာကျော့ရှင် (1930)Where stories live. Discover now