part-8

943 57 11
                                    

"ဒင်း ....ဒေါင်...."

နာရီအားဖြင့်  နေ့လည် ၁၂ နာရီ
ရာသီဥတု ဟာ နေရောင်ပြန်ပျောက်တဲ့အနေထားမျိုးဖြစ်နေသည်။
အိမ်ကြီးထဲမှာ မှောင်အတိကျနေလျက်

"ဘုံ!!!"

"ဘုံနန်းမြိုင်!!!'

တစ်ယောက်တစ်ပေါက် အော်ခေါ်သံ သဲ့သဲ့က နားထဲ နီးသွားလိုက် ​ေ၀းသွားလိုက်နှင့်

မျက်လုံးတွေကို အားယူဖွင့်မိတော့
သူမဟာ အခန်းထောင့်မှ ခွေခေါက် ကျလျက်သား

ရင်တွေအဆမတန် ခုန်လာကာ ကြောက်ရွံ့စိတ်က တဖြည်းဖြည်း ရုန်းကြွလာသည်။

ငါဒီမှာလို့ လှမ်းခေါ် အကူညီ တောင်းချင်ပေ
မယ့်
သူမ ပါးစပ်တွေ ဖွင့်လို့တောင် မရ

"ဘုံ!!!!"

"ဒုန်း !!!!!"

"ကျီွ!!!!!

ဘဲွ့ဖြူရဲ့ စိုးရိမ်ကြီးစွာ အော်ခေါ်သံနှင့်အတူ တံခါးကို ထုရိုက် ဖျက်ဆီးနေသံ အတိုင်းသားကြားရသည်။

သူမ အားတက်သွားသည် ။
မျက်ရည်အချို့တလိမ့်လိမ့်ကျဆင်း
လာသည့်အထိ အားကိုးမိကာ

"ငါ ့ကို ...."

"အ!!!"

လည်မျိုကတစ်စို့လာကာ သူမရုန်းကန်မှုတို့က အရာမထင်

ဟင် သွေးတွေ
နီညိုရောင်ပျစ်စေးစေးသွေးတို့က သူမပါးစပ်ကနေ တပွက်ပွက် အန်ကြနေသည်။
လက်နှင့်ကိုင်ယူကြည့်တော့ အိမ်မက္ မက္နေသူပမာ လက်တို့က လေးလံထိုင်းမိှုင်းနေသည်။

"ကျွီ!!!!"

"ဘုံ"

ဟင်!!!

"ဟာကွာ မင်းဘာထိုင် လုပ်နေတာလဲ???"

"ဟင် ငါက??"

သူမအံ့ဩသလိုမေးလာတော့ ဘဲွ့ဖြူက စိတ်ပျက်ခြင်းကြီး စွာဟခါးထောက်ရင်း ဆံပင်တွေကို ဖြစ်သလို သိမ်းကာ မျက်နှာလဲွှ၏။

ဦးဆောင် နဲ့ အပ်နှင်းကလည်း သူမကို မကြည်ဖြူစွာကြည့်လာတော့
သူမကိုယ့်ကိုကိုယ် မသင်္ကာတော့

"ဟာ"

ဟုတ်ပါသည်။

သူမဟာ အခန်းအလယ်က သလွန်ညောင်းစောင်းလို နေရာထက် ကျော့မော့ သပ်ရပ်စွာ ထိုင်လျက်သား

မာယာကျော့ရှင် (1930)Where stories live. Discover now