"စာတော်တာချင်းတူတူ ဘုံဘုံက အရပ်ပိုပုတယ်နော်"
"မာဂရက် သူ့ရဲ့ဟနေတဲ့ ပါးစပ်ကြီးကို တစ်ခုခုနဲ့စို့ထားစမ်းပါ"
မာဂရက်က မနိုင်ဘူးဆိုတဲ့ ပုံ လုပ်ပြကာ ပါလာတဲ့ ပီဇာ ကို ထုတ်စားနေ၏။
"ဟားဟား လူပူစိတ်တိုဆိုတာမှန်တာကိုး"
"ဘွဲ့ဖြူ...နင်တခြားသူသွားစစမ်းပါ"
"မင်းကို ဒီကားပေါ်ရောက်ဖို့ ငါးသိန်းစိုက်တာငါနော် ကျန်တဲ့သူက တစ်ယောက်တစ်သိန်း"
"ဘယ်လိုရာဇ၀င်ရှိရှိ....."
"အဟင်း project ကို ငါလည်းလုပ်နိုင်သားပဲ
ဒါပေမယ့် ဘုံဘုံ မပါတော့ ဘုန်းဘုန်းက ပျင်းလို့"အသံကို ညှစ်အစ်ထုတ်ပြီး ပြောနေတာကြောင့် ဘုံ နားကို နားကြပ်ပြန်ထိုးထည့်ရင်း ဟိုဘက်လှည့်ငေးနေလိုက်သည်။
"ကဲ စမနေပါနဲ့ကွာ ဟေ့ မာဂရက် မင်းတို့ဘိုးဘွားပိုင် အိမ်ကြီးက ပြင်ဦးလွင်မှာဆို"
"ဟုတ်တယ် ဒါပေမယ့် အပ်နှင်းက သူ့အဒေါ်အိမ်က ဈေးနဲ့ပိုနီးလို့ အဲ့ကိုပဲ သွားနေကြတော့မယ်တဲ့"
"ကောင်းတာပဲ"
စာအုပ်ဖတ်နေသော နိုဘယ်က အိမ်ကြီးဆိုတဲ့ အသံကြောင့် စိတ်၀င်တစားဖြင့်
"ပြင်ဦးလွင် မှာ ဒီလိုအိမ်ကြီးတွေက သရဲရှိတယ်တဲ့နော် ငါတော့စိတ်၀င်စားတယ်"
"အမလေး အဲ့အိမ်က မြို့ပေါ်မှာမဟုတ်ဘူး
ပြင်ဦးလွင်ကနေ နဲနဲလှမ်းသေးတယ်
ရွာလေးတစ်ရွာနားမှာ မြို့နဲ့ဆိုရင် ဆယ့်တစ်မိုင်လား ဆယ့်ငါးမိုင်လားမသိဘူးဝေးတယ် ""ဟုတ်လား"
"ဟုတ်တယ် အရင်က ကားလမ်းပေါက်တယ်
တောင်ကျရေကြောင့် ပျက်စီးကုန်ပြီး လမ်းတွေကွေ့ပတ် သွားရတာကြောင့် အဲ့ရွာကအခုဆို ခြောက်ကပ်နေတာပဲတဲ့'"ရွာနာမည်က??"
"ထူးတော့ထူးဆန်တယ် နာမည်က!!"
"အင်း!!"
"နိမိတ်မင်းမူ တဲ့!!"
"ဟင် နာမည်ကြီးကလဲ"
YOU ARE READING
မာယာကျော့ရှင် (1930)
HorrorAdult sence တေွ ၊ age 21+🚨မို့ အသက်္မပြည့်သေးသူများမဖတ်ပါနဲ့ Horror , rape တဲ့အခန်းတွေပါရှိမှာမို့ ဇာတ်လမ်းက အချိုတွေသိပ်ပေးနိုင်မှာမဟုတ်လို့ပါ 🦋🦋🦋🦋🦋🦋 ေရာဇမင်းခေါင်ဆိုတဲ့ သူယုတ်မာယောကျာ်း၏ ဘုန်းကံအ၀၀သည် မာယာကျော့ရှင်ဆိုသည့် ကျွန်တော်မျိုးမ...