အပိုင်း - ၂၁။

1.7K 100 6
                                    

" ပြန်ကြတော့မလား။ "

အကြင်နာအရင်နိုး၍ အပြင်ခဏထွက်ပြီးပြန်လာတော့ တီချယ်ကနိုးနေပြီဖြစ်သည်။

" အင်း ပြန်ကြမယ်။ "

မီးတွေ ပြတင်းပေါက်တွေအကုန်ပိတ်ပြီးတာနှင့် နှစ်ယောက် ထွက်လာခဲ့ကြတော့သည်။

" တီတီယမင်းက အိမ်ကိုခဏလာခဲ့ဖို့ပြောတယ်။ တီတီယမင်းဆီ အရင်သွားကြမလား။ "

ခေါင်းငြိမ့်ရုံသာငြိမ့်၍ ဘာမှပြန်မပြော။ အကြင်နာလည်း ကားကိုယ်ကဂရုတစိုက်မောင်းလိုက်၏။ ခဏကြာတော့ တီချယ့်ဆီက စကားသံတစ်ခုထွက်လာသည်။

" ဆေးလိပ် သောက်တက်တာလား။ "

ကားပေါ်တင်ထားမိတဲ့ ဆေးလိပ်ဘူးကိုမြင်သွားသည်ထင်ပါတယ်။ မေးခွန်းစမေးလာသည်။

" တစ်ခါတစ်လေမှ တီချယ်။ "

" ဘယ်အချိန်ထိ တီချယ်ခေါ်နေမှာလဲ။ ဆရာမမှမဟုတ်တော့တာ။ "

" နှုတ်ကျိုးနေပြီမို့လို့။ အခြားဟာခေါ်ဖို့ကအဆင်မပြေလို့လေ။ "

ဘာမှဆက်မပြောတော့ပဲ တိတ်သွားပြန်သည်။ ကားထဲ၌ သီချင်းသံယဲ့ယဲ့လေးက လွဲလို့ကျန်ဘာအသံမှထွက်မနေပေ။ ခဏအကြာ မောင်းပြီးနောက် အကြင်နာတို့အိမ်ကိုရောက်ရှိလာသည်။ ခြံထဲတွင် အကုန်ထွက်ထိုင်နေကြသည်။ ဖေဖေကအစပင်။ ကားသံကြားတော့ တခါးလာဖွင့်ပေးသည်။

" ခက်ဝါ...ငါ့ညီမ မတွေ့တာကြာပြီ။ "

မေမေက အပြေးတီချယ့်ဆီလာသည်။ ဟိုကလဲ ပြုံးကာ နှုတ်ဆက်နေသည်။ အကုန်လုံးက မလာတာကြာပြီဖြစ်သော တီချယ့်အား အကြင်နာ့ထက်ကိုပင် အရေးလုပ်နေသည်။ အားလုံးအိမ်ထဲဝင်သွား၍ အေရီတစ်ယောက်ကျန်နေခဲ့သည်။ အေရီမျက်နှာမကောင်းတာကြောင့် စိတ်ဆိုးနေမှန်းသိလိုက်ရ၏။

" အေရီ ... "

" ညကပြန်မလာတာ...အဲ့တစ်ယောက်ကြောင့်လား။ "

" အေရီ! အဲ့တာငါ့ဆရာမနော်။ "

" ဘာပြောနေလို့လဲ။ ကိုယ့်ဘာသာ ဘာတွေမလုံမလဲဖြစ်နေတာလဲ။ "

အကြင်နာဘာမှဆက်မပြေလိုက်ခင် ထွက်သွားပြီဖြစ်သောသူ။ အဲ့လောက်ထိ သဝန်တိုတာကျ တကယ်ကိုလွန် လွန်းပါသည်။ အကြင်နာလဲ နောက်နေလိုက်ဝင်လာခဲ့လိုက်တော့သည်။

ချစ်မိသွားချိန်၌Where stories live. Discover now