အပိုင်း - ၂၀။

1.6K 99 6
                                    

" တိုက်ခန်းသွားထပ်ကြည့်ဦးမယ်မေမေ။ အေရီ့ကိုတော့ မခေါ်သွားတော့ဘူး။ "

" အေးအေး။ ကားကိုဖြေးဖြေးမောင်းဦး။ "

လွန်ခဲ့တဲ့ တစ်ပတ်ကအကြင်နာကိုယ်တိုင်ရှာထားသော ပိုက်ဆံဖြင့် တိုက်ခန်းတစ်ခန်းဝယ်နိုင်ခဲ့လေသည်။ မိဘတွေနဲ့လဲ ခွဲနေဖို့ဆုံးဖြတ်ထားသည်။ ကိုယ်ခြေထောက်ကိုယ်ရပ်တည်နိုင်နေပြီဖြစ်သောကြောင့် မိဘအိမ်မှာသောင်တင်နေဖို့မသင့်တော်တော့ပေ။

ဖေဖေကလဲ အသက်အရွယ်ကြီးလာပြီမို့ သူ့ကုမဏ္ဏီကိုဦးဆောင်ဖို့ အကြင်နာကိုလိုအပ်လာပြီ။ ဖေဖေ နားသွားရင် ဒီကုမဏ္ဏီကြီးက အကြင်နာ့ခေါင်းပေါ်သို့ရောက်ရှိလာတော့မှာမို့အရင်လိုနေဖို့ မရတော့ပေ။

တိုက်ခန်းသို့ရောက်ရှိလာတာ ထုံးစံတိုင်း အေရီ့ဆီအရင်ဖုန်းဆက်ရပေမည်။ ရှေ့ကဆိုဖာပေါ်ထိုင်လိုက်၍ ဖုန်းကိုကောက်ကိုင်ကာအေရီ့ဆီဖုန်းဆက်ရသည်။

" တိုက်ခန်းကိုရောက်ပြီအချစ်။ "

" ဟင်အခုမှလား။ ညနေ၅နာရီထွက်သွားပြီးအခု၇နာရီမှရောက်တာလား။ ဒါဆိုဘယ်အချိန်ပြန်လာမလဲပြော။ "

" ကော်ဖီဆိုင်ဝင်ထိုင်နေလို့ပါ။ ဘယ်သူမှမပါဘူးနော်တစ်ယောက်ထဲ။ ပြီးတော့ စောစောပြန်လာမှာပါ ၈နာရီလောက်လေ။ "

ကိုယ့်ချစ်သူအကြောင်းကိုယ်သိလို့ ဘယ်သူမှမပါတာကိုအရင်ပြောရသည်။ အေရီရဲ့သဝန်အရမ်းတိုတာကို စိတ်တိုင်းမကျ။ အဲ့ဒါကိုလွဲ၍ အကြင်နာ့အတွက် အကုန်အဆင်ပြေသည်။ ဖုန်းပြောတာပြီးသွား၍ အကြင်နာဖုန်းချလိုက်တော့သည်။ တိုက်ခန်းမှာအခုမနေသော်လည်း မကြာခင်နေတော့မှာမို့ ပစ္စည်းအပြည့်အစုံတော့ ထားရှိထားသည်။ ပရိဘောဂတွေလဲအစုံရှိပြီမို့ နေဖို့ပဲ လိုပါတော့သည်။

***

" ၁၀နာရီထိုးပြီ။ ဘယ်ကပြန်လာတာလဲ ခက်ဝါ။ "

အိမ်ထဲ ဝင်လာသောခက်ဝါအား ဦးသုခထွန်းကထိုင်နေ၍ စကားစပြောသည်။ ဦးသုခထွန်းမျက်နှာကအတော်ပင် သိသိသာသာပျက်ယွင်းနေလေသည်။

" အပြင်ကနေပြန်လာတာ။ "

" ဒီနေ့ဘာနေ့လဲဆိုတာ မှတ်မိပါတယ်နော်။ "

ချစ်မိသွားချိန်၌Where stories live. Discover now