အပိုင်း - ၁၂။

1.2K 80 3
                                    

လွန်းစာရေးစားပွဲခုံကို ဘောပင်ဖြင့်တောက်၍ အတွေးလွန်နေသည်။ ယနေ့လဲ အကြင်နာကျောင်းမလာတာ ၃ရက်မြောက်။ အတန်းပိုင်ဆရာမကိုမေး
ကြည့်တော့ နေမကောင်းလို့ခွင့်တိုင်ထားတယ်တဲ့။

ဟိုနေ့ကဖုန်းပြောနေတော့ တကယ့်ကိုအကောင်းကြီးပင်။ လွန်း တစ်ခုခုကို စိတ်ဆုံးဖြတ်ချလိုက်ကာ စာအပေါ်အာရုံထားလိုက်၍ နောက်ဆုံးအချိန် အင်္ဂလိပ်အချိန်ကို စောင့်မျှော်နေတော့သည်။

အင်္ဂလိပ်အချိန်ရောက်ပြီဖြစ်သော်လည်း လွန်းဘယ်လိုတီချယ်ဝါကို ခေါ်ပြောရမှန်းမသိ။ နောက်ဆုံးအတန်းလဲ ရောက်နေခြင်းကြောင့်ဖြစ်သည်။ ကံကောင်းချင်တော့ တီချယ်က အနောက်ဆုံးတန်းသို့ လာသည်။

" လွန်း...ဒီနေ့အကြင်နာမလာပြန်ဘူးလား။ "

ဘေးနားမှာလာရပ်ကာ မေးသည့်တီချယ်။ ဒါဆိုနောက်ဆုံးတန်းလာကာ မေးသည့်အကြောင်းအရာက
အကြင်နာတဲ့လား။ လွန်းသာ ဒီလိုဆက်တိုက်ကျောင်းပျက်ရင် တီချယ်က အကြင်နာ့ကိုဒီလိုမေးပါ့မလား။

" ဟုတ်မလာဘူးတီချယ်။ ဟိုလေ..တီချယ်။ "

" အင်းပြောလေသမီး။ "

" တီချယ်ဝါရိပ်မိလား။ "

ဘယ်ကနေ ဘယ်လိုဒီလိုပြောလိုက်ရန်စိတ်ကူးပေါက်မိသွားလဲမသိခဲ့။ ဆက်ပြောဖို့ကို တွန့်ဆုတ်နေသည်မှာအမှန်။ ဒါမဲ့ အကြင်နာ့လုပ်ရက်အားတွေးလိုက်မိတာနှင့် အကုန်ပါးစပ်က ပြောပြီးနေပြီ။

" အကြင်နာတီချယ့်ကို ဆရာမတွေထက်ပိုနေတဲ့ ခံစားချက်တွေနဲ့ သဘောကျနေတယ်ဆိုတာလေ။ "

လွန်း တိုးတိုးတိတ်တိတ်ပြောတာကြောင့် အခြားမည်သူမှမကြားနိုင်ပါ။ ခုံတွေကလဲ ကပ်မနေဘူးလေ။ လွန်းလဲတစ်ယောက်ထဲ ထိုင်နေတာမို့။

" သမီးလွန်း...ဘာတွေပြောနေတာလဲ။ "

" သမီးအမှန်ပြောတာပါ။ အခုခေတ်ကဘယ်လိုတွေဖြစ်နေလဲ တီချယ်လဲသိလောက်မှာပါ။ တီချယ့်ကိုသူဆရာမထက်ပိုပြီးရည်းစားလိုသဘောကျနေတာ။ တီချယ်ယုံလားမယုံလားမသိပေမယ့် ဒါအမှန်ပါ။
ပြီးတော့မဖြစ်သင့်တာမဖြစ်ရအောင်လဲ ပြောပြတာပါ။ "

ချစ်မိသွားချိန်၌Onde as histórias ganham vida. Descobre agora