အပိုင်း - ၁။

3K 131 4
                                    

"အခု အင်္ဂလိပ် စာ၂ချိန်ဆက်"

အကြင်နာခွန်းမကြားချင်ဆုံး အသံ။ ကြသာပတေးနေ့ကို မုန်းပါသည်။ မုန့်စားဆင်းချိန်ပြီးတိုင်းအင်္ဂလိပ် စာနှစ်ချိန်ဆက်ဆိုတဲ့ အချိန်ကိုပိုမုန်းသည်။

"သိတယ်သိတယ် ... မမေးပဲနဲ့လာပြောနေတယ်တကယ်ပဲ။ မကြားချင်ပါဘူးးဆို"

"သြော် ငါတို့ကလဲ အရမ်းကြားချင်တယ်မှတ်လို့။
Eng ၂ချိန်ဆက်မုန်းတာနင့်ထက်ဆိုးတယ်"

တစ်တန်းလုံး အင်္ဂလိပ် အချိန်ဆိုမုန်းကြသည်။ ဆရာမက အသက်၃၀ ဝန်းကျင်လောက်ရှိပြီး လှသော်လည်း စာအလွန်မေးသည်။ မေးရင်လဲ သူကြိုက်တဲ့လူကို ရွေးပြီး မေးတဲ့အခါတိုင်း အကုန်ရင်ခုန်ရသည်။

"တီချယ်လာပြီဟဲ့"

အကုန်လုံးတိတ်ပြီး မတ်တပ်ရပ်ကာထ၍ နှုတ်ဆက်ကြသည်။ ထိုဆရာမ ဝင်လာပြီဆိုထဲက တစ်ယောက်မှအသံမထွက်ရဲသေး။ ငယ်လဲငယ် စာလဲအခြားဆရာမတွေထက် ပိုမေး၍ ကျောင်းသားကျောင်းသူတွေနဲ့ ရောရောနှောနှောမရှိတာမို့ အားလုံးရှိန်နေသည်။

"အကုန်လုံးနော်တီချယ်ပြောထားမယ်...စာသင်ရင်အနှောက်အယှက်မပေးနဲ့နော်။ မသင်ချင်ရင်အခုထဲကထွက်။"

သူစာသည်မည်ဆိုတိုင်းထိုစကားဖြင့်စသည်။ Eng ဆရာမက အေးအေးလူလူ သူ့ကိစ္စ့မဟုတ်ရင်
အခြားဘာကိုမှဝင်မပါတက်တဲ့လူမို့ကျောင်းသားတစ်ယောက်က စာကိုသေချာအာရုံစိုက် နားထောင်နေတဲ့အခြားကျောင်းသားကိုမှ အနောက်အယှက်ပေးလိုက်သည်မို့ ဆရာမလဲစာဆက်သင်မရပဲဒေါသထွက်ကာ
ထိုကျောင်းသား ရုံးခန်းပါရောက်၍ခံဝန်ကတိထိုးခဲ့ရသည်။ထိုနေ့မှစ၍အကုန်Eng ဆရာမရဲ့ ဒေါသကို သိလိုက်ကြရပြီး နောက်ထပ်ဘယ်သူ့မှထိုလိုမျိုး
ထပ်မလုပ်ရဲကြတော့ပေ။

"ဟိုကျောင်းသူလေးထ"

ကွင်းကွင်းကွက်ကွက်ကြီးကို အကြင်နာခွန်းဆီ ဆရာမရဲ့ လက်ညိုးက ရောက်ရှိသည်။ အတန်းလှည့်တာ ဒီနေ့နောက်ဆုံးကျ၍ စာမမေးဘူးထင်၍ စိတ်သက်သာရသလိုရှိနေတာကို ဆရာမက ထဆိုတော့လဲ အကြင်နာ့မှ သက်ပြင်းခပ်ဖွဖွချကာ မရဲတရဲ ထပ်ရပ်လိုက်ရသည်။

ချစ်မိသွားချိန်၌Where stories live. Discover now