အပိုင်း - ၁၈။

1.4K 95 10
                                    

* 4 နှစ်ခန့်ကြာသောအခါ *

နှင်းတွေထူနေတဲ့ ဆောင်းရာသီနံနက်ခင်း။ အေးအေးနဲ့ ကွေးလိုက်တာ ထမည်ဆို၍ နာရီဝက်လောက် ကြာသွားခဲ့သည်။ ဒါကြောင့် ဝရုန်းသုန်းကားထ၍ ရေနွေးစပ်ပြီး ရေချိုးလိုက်သည်။

အောက်ထပ်ရောက်တော့ အန်တီစန္ဒာအောင်အသင့်ပြင်ပေးထားသော နံနက်စာအား လျင်မြန်စွာစားရသည်။

" ဖြေးဖြေးစားပါ။ နှင်ပါဦးမယ်။ အေရီက ထွက်မပြေးပါဘူး။ "

လီယိုနာ ပြောသံကြောင့် ပြုံးရုံသာပြုံးလိုက်သည်။ ဟုတ်ပါတယ်။ အကြင်နာ ချစ်သူရနေပါပြီ။ တွဲခဲ့တာ တစ်နှစ်တောင် ရှိရောပေါ့။ သူကလဲ အေရီပင်။ နေ့တိုင်း လီယိုနာဆီလာ၍ အကြင်နာ့အား တိုက်ရိုက်ကို အဖြေတောင်းခဲ့သည်။ နောက်ပိုင်း အကြင်နာလဲအေရီဆီ စိတ်ပြောင်းလိုက်ရင် မေ့နိုင်မည်ထင်၍ တွဲခဲ့သည်။

တွဲတဲ့ တစ်လျောက်အရှင်းကြီးမမေ့နိုင်ပေမယ့် တစ်စတစ်စ အမှတ်ရပါသေးသည်။ ဒါမဲ့လဲ အေရီ့အပေါ် သစ္စာဖောက်သလိုဖြစ်မှာဆိုး၍ အရှင်းမေ့နိုင်ရန် ကြိုးစားရသည်။

" အန်တီစန္ဒာရေ! အကြင်နာသွားပြီနော်။ မကြာဘူး ခနနေပြန်လာမှာ။ လီယိုနာ ဘယ်မှမသွားသေးနဲ့ဦး။ "

မှာစရာရှိတာမှာ ၊ ပြောစရာရှိတာပြောပြီးသည်နှင့် ကားမောင်းကာ ထွက်လာခဲ့သည်။ အကြင်နာအရင်လိုကလေးမဟုတ်တော့ပေ။ ၂၁နှစ်ထဲ ဝင်၍ကိုယ်ပိုင်ငွေရှာနိုင်သည်လေ။ ရရှိတဲ့ ငွေများကိုတစ်ဝက် မေမေတို့ဆီ ပို့ပေးခဲ့သည်။ ကိုယ်ပိုင်ငွေဖြင့်လည်း ကားတစ်စီး ဝယ်နိုင်ခဲ့ပါသည်။

Vintage ဆန်ဆန်ဖြစ်သော ကော်ဖီဆိုင်၏ကားပါကင်၌ ကားရပ်ကာ ဆိုင်အတွင်းသို့ ဝင်လာခဲ့လိုက်တော့သည်။ ဆိုင်ရဲ့ ထောင့်တစ်နေရာ၌ ထိုင်နေသော ကောင်မလေးမှာ အကြင်နာ့ကိုမြင်တာနှင့် မျက်လုံးပြာပြာလေးများ လင်းလက်သွားသယောင်။

" ဆောရီးအချစ်။ နောက်ကျသွားတယ်။ "

ပြုံးပြ၍ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်သည်။ အကြင်နာ မနက်ဖြန်ဆို မြန်မာနိုင်ငံပြန်ဖို့ရှိသည်။ မေမေတို့ဆီ တစ်ခါမှမပြန်ဖြစ်သေး။ ဒီအခေါက်ပြန်ရင် ဟိုမှာပဲ နေဖြစ်မလား။ ဒီပဲပြန်လာမလား မသေချာသေး၍ နိုင်ငံခြားသူကို ချစ်သူတော်ထားရသော အကြင်နာအဖို့ စဥ်းစားရကျပ်နေသည်။

ချစ်မိသွားချိန်၌Tahanan ng mga kuwento. Tumuklas ngayon