Episode(8)

4K 360 63
                                    

[Unicode]

"ကျစ်!စေ့စပ်ပွဲကအခုထိမလုပ်သေးဘူးလား သတ်မှတ်ထားတဲ့ရက်ထပ်တောင်အများကြီးကျော်သွားပြီကို"

ပိုင်ယန်က မကျေမနပ်ဖြင့်တစ်ယောက်တည်း ရေရွတ်နေသည်။စေ့စပ်ပွဲအကြောင်း ပါးနဲ့မားရှေ့မှာ မသိမသာ စကားစလိုက်သော်လည်း ပါးပါးက အမြဲတမ်းရက်ကောင်းရက်မြတ်မရောက်သေးဘူးဟုသာပြောနေဆဲ။

"သခင်မလေး သခင်ကြီးက စကားပြောရအောင် ဧည့်ခန်းထဲကို လာခဲ့ပါတဲ့"

"အင်း"

ထို့ကြောင့်သူမ,ပါးပါးဆီရောက်သည့်အခါ မေးလာသည့်မေးခွန်းက "ရိပေါ်ကိုချစ်လား"တဲ့!
သေချာပေါက် စေ့စပ်ပွဲအကြောင်း စကားစတော့မှာမို့ ပိုင်ယန်မှာအပျော်​တွေဖြစ်ထွန်းနေသောစိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရသည်။

"အစ်ကို့ကိုချစ်လားဆိုတာသမီးမသိဘူးပါးပါး...စေ့စပ်ပွဲအတွက်ကတော့ ပါးတို့ဆန္ဒအတိုင်းပါဘဲ သမီးလက်ခံမှာပါ"

ပုံစံကတော့ မိဘစကားမြေဝယ်မကျနားထောင်သူပေါ့။

"သမီးရိပေါ်ကိုမချစ်ရင်ပါးတို့ကရိပေါ်နဲ့စေ့စပ်ပွဲလုပ်မပေးဘူး...သမီးချစ်တဲ့သူနဲ့ဘဲလုပ်ပေးမှာ ဒါနဲ့ အဲ့ဒါသမီးချစ်တဲ့သူလား"

ရှောင်းပါးကထိုသို့ပြောရင်းစားပွဲပေါ်မှာဓာတ်ပုံအချို့တင်လိုက်တာကြောင့်ပိုင်ယန်ကအလွန်အမင်းအံ့သြသွားဟန်ရှိသည်။

ဓာတ်ပုံထဲမှာလောလောလတ်လတ်ကသူမ,ရှုပ်ခဲ့တဲ့ရည်းစားဟောင်းတစ်ယောက်နဲ့သူမရဲ့ပုံတွေ။သူမရိပေါ်ကိုလက်ထပ်ချင်တာကြောင့်အဲ့ဒီတစ်ယောက်ကိုအရင်ရက်ကမှ
ဖြတ်ခဲ့တာ။

ပါးပါးက ဘယ်လိုသိသွားရတာလဲ။

"အဲ့ဒီကောင်လေးကဖုန်းဆက်တယ်...သူကသမီးရည်းစားတဲ့မိဘတွေသဘောတူတဲ့လူရှိလို့သူ့ကိုဖြတ်ခဲ့တဲ့ဆို...အဲ့ဒါကြောင့်ငိုယိုပြီးသမီးကိုတစ်ခြားတစ်ယောက်နဲ့လက်ထပ်မပေးဖို့တောင်းဆိုလာတာ...ကောင်လေးကြည့်ရတာ သမီးကိုအတော်ချစ်မဲ့ပုံဘဲ ပါးတို့သဘောတူပေးပါ့မယ်"

ဟင့်အင်း!မလိုချင်ဘူး!

သူမတွဲခဲ့တဲ့ရည်းစားတွေအကုန် သူမထားခဲ့ရင် ဘယ်သူမှအထွန့်မတက်ရဲဘဲလွယ်လွယ်ကူကူထားခဲ့ခံရတာချည်းဘဲ။ဒီတစ်ယောက်ကဘာဖြစ်လို့မကြောက်မရွံ့ပါးပါးဆီဖုန်းဆက်ရတာလဲ!!

Xiao's Uncle Wang ( completed )Where stories live. Discover now