Episode(7)

4K 378 44
                                    

[Unicode]

"အခြေအနေ"

ရှောင်းပါးပါးကမေးသည့်အခါ ရှောင်းကျန့်က နှုတ်ခမ်းကိုမဲ့ကျပြီး ခေါင်းရမ်းပြလာသည်။

"သူက ဘာမိုလို့ ငါ့သားလေးကို မချစ်နိုင်ရတာလဲ"

"သားဘက်ကအရင်ဖွင့်ပြောလိုက်ရမလား ဟင် ပါးပါး~~အဟင့်~~ငိုချင်နေပြီ"

မျက်နှာငယ်လေးနဲ့သားဖြစ်သူကို ရှောင်းပါးက ကျောလေးကိုသပ်ပေးပြီး နှစ်သိမ့်နေကာ ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားနေသည်။

"ပိုင်ယန်နဲ့စေ့စပ်ပွဲကိုဖျက်လို့ရရင်ကောင်းမယ်...အဲ့ဒီလိုဆို သူက စိတ်ပူစရာကိစ္စမရှိလို့ သားကိုဖွင့်ပြောရဲလောက်တယ်...ဒါပေမဲ့ အကြောင်းပြချက်ကမရှိဘူးဖြစ်နေတယ်"

"ခဏ!ခဏ!အဲ့ဒီအတွက်သားစဉ်းစားမိတာရှိတယ် သေချာပေါက်အဆင်ပြေမယ်လို့ယုံကြည်တယ် ပါးပါး"

ထို့နောက်ရှောင်းကျန့်ပြောပြလာသည့်အစီအစဉ်အကြောင်းအရာတွေကို နားထောင်ပြီး ရှောင်းပါးက အဆင်ပြေကြောင်း ခေါင်းတစ်ညိတ်ညိတ်နှင့်။

ထို့နည်းတူတစ်ဖက်ဝမ်အိမ်တော်မှာလည်း စေ့စပ်ပွဲဖျက်လို့ရမည့်အကြောင်းအရင်းကို ခေါင်းပူစွာ စဉ်းစားနေကြလျှက်။

အကြောင်းကတော့တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေသောသားဖြစ်သူဝမ်ရိပေါ်ကိုမိဘတွေကဘာကြောင့်အဲ့ဒီလိုဖြစ်နေလဲဟုမေးကြရာ အစပိုင်းမှာဘာမှမပြောသည့် သားဖြစ်သူကနောက်ဆုံးတော့ပိုင်ယန်ကိုလက်မထပ်ချင်ကြောင်း၊ရှောင်းကျန့်ကိုသာချစ်လို့လက်ထပ်ချင်ကြောင်းပြောလာသဖြင့် ဝမ်လင်မယားနှစ်ယောက်စလုံး သွေးတွေဒိန်းခနဲဆောင့်တက်သွားရသည်။

"ရှောင်းရှောင်းကို မင်းအရင်က သားတစ်ယောက်လို ၊ ညီတစ်ယောက်လို နူးနူးညံ့ညံ့ချစ်တာမဟုတ်လား အခုမှဘာဖြစ်သွားတာလဲ"

"ဒီတိုင်း...ဒီတိုင်း သူ့ကိုလက်ထပ်ချင်တဲ့အထိ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ်ချစ်သွားတာ"

"ငါတို့က ဘယ်လိုလုပ်ပေးရမှာလဲ!!တစ်ဖက်က မိန်းကလေးမိသားစုကို စကားကျွံပြီးပြီလေ"

Xiao's Uncle Wang ( completed )Where stories live. Discover now