Birthday wishes for my Little Sean♡.

1.9K 247 28
                                    

♡05.10.1991 To 05.10.2023♡

ပျော်ရွှင်စရာ32နှစ်ပြည့်မွေးနေ့ပါကျွန်မရဲ့အဖိုးတန်လူသားလေးရေ♡.

32နှစ်ဆိုပေမဲ့တစ်ကယ်တော့ ကျွန်မမျက်လုံးထဲမှာ ကိုကို့ကို 3နှစ်နဲ့2လသားလေးလို့ဘဲမြင်တယ်။
အသက်တွေသာကြီးသွားတယ် ကိုကိုကတော့ အမြဲတမ်း နုပျိုပြီးချစ်ဖို့ကောင်းနေလို့လေ။

ချစ်တယ်....♡
ကိုကို့ကိုအသည်းတစ်ယားယားနဲ့အများကြီးချစ်တယ်။
အရင်ကအာခံတွင်းထဲငုံထားမတတ်ချစ်တယ်ဆိုတဲ့
စကားကို အပိုပြောကြတယ်ဘဲထင်ခဲ့တာ။
ဒါပေမဲ့အဲ့ဒီစကားကကိုကိုနဲ့တွေ့တော့တစ်ကယ်မှန်ကန်ကြောင်း သိလိုက်ရပြီ။

ဘာလို့လဲဆို ကိုကို့ကို အရမ်း အရမ်းချစ်လွန်းလို့ ၊ ကိုကို့ရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီကို အရမ်း အရမ်း မြတ်နိုးလွန်းလို့၊အထိအခိုက်မခံနိုင်လွန်းလို့သေးသေးလေးဖြစ်အောင်လုပ်ပြီး  အာခံတွင်းထဲငုံထားချင်တာ ၊ ပြီးတော့ အရမ်းအသည်းယားလွန်းလို့လည်း ဝါးစားပစ်ချင်မိတဲ့အထိ။

ကိုကို့ကိုလေ,မျက်လုံးထဲမှာလူကြီးတစ်ယောက်လိုကိုမြင်လို့မရဘဲကလေးပေါက်စလေးတွေလိုဘဲမြင်နေမိလို့ ကိုကို့အတွက်နာမ်စားလေးတွေဆိုရင်တောင် ချစ်မွှေးလုံးလေး ၊ ကလေးလေးကိုကို ၊ အသည်းပေါက်လေး ၊ အူယားကောင်လေး အဲ့ဒီလိုတွေသုံးနှုန်းမိတာ။

အများကြီးချစ်လို့လေ...။

ကိုကို့ကိုအများကြီးချစ်တာမို့လည်း ကိုကိုတစ်ယောက် ကျန်းကျန်းမာမာနဲ့နှစ်သက်တဲ့အလုပ်တွေကိုလုပ်ပြီး အမြဲပြုံးရယ်နေတာကိုဘဲ မြင်ချင်မိတယ်။

အဲ့ဒါကြောင့် ကိုကို့ရဲ့ 32 နှစ်ပြည့်မွေးနေ့မှာ အဓိက ဆုတောင်းပေးချင်တာကတော့ကျွန်မချစ်မြတ်နိုးရတဲ့ ကိုကိုတစ်ယောက် ကျန်းကျန်းမာမာရှိပြီး အေးအေးချမ်းချမ်းနဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ...။

ပြီးတော့ ချစ်ရတဲ့လူတွေနဲ့လည်း သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့အပူအပင်ကင်းကင်းနေနိုင်သွားပါစေ...။

အောင်မြင်မှုတွေလည်းတစ်ခုပြီးတစ်ခုဆွတ်ခူးသိမ်းပိုက်နိုင်တဲ့အလင်းလက်အတောက်ပဆုံးအဖိုးတန်လေးဖြစ်ပါစေ...။

Xiao's Uncle Wang ( completed )Where stories live. Discover now