Episode(3)

3.5K 367 50
                                    

[Unicode]

ခရီးသွားသည့်အခါ ရှောင်းကျန့်မှာ မိမိနှင့်အမြဲမကွာ ရှိနေသော လူစိမ်း(5)ယောက်လောက်ကိုကြည့်၍ မနိုင်ဘူးဟု ခေါင်းယမ်းမိသည်။

အဲ့ဒါသေချာပေါက် သူ့ဦးငယ်ထည့်ပေးလိုက်တာဘဲ။
စိုးရိမ်တတ်လိုက်တာလည်း လွန်ရော။

ပြီးတော့ အဲ့ဒီဦးငယ်က အချိန်ပြည့်လိုလို သူ့ဆီဖုန်းဆက်တတ်သေးလို့ သူ့မှာ သူငယ်ချင်းတွေနဲ့ကောင်းကောင်းပင်မပျော်ရဘဲ အချိန်ပြည့်ဖုန်းပြောနေရသည်။

ထို့နောက်တွင်တော့ဘာလိုလိုနဲ့စိတ်ကြိုက်အပန်းဖြေပြီးသည့်အခါ အချိန်က တစ်ပတ်လောက်ကြာသွားသဖြင့် ရှောင်းကျန့်မှာဦးငယ်ကိုရော၊အိမ်ကလူတွေကိုရောလွမ်းသဖြင့် မပျော်တော့ဘဲ ချက်ချင်းထပြန်ဖို့ပြင်ဆင်ပြီး
နောက်ကပါလာသော ဦးငယ်ရဲ့လူတွေကို သူပြန်တာ ဦးငယ်အားမပြောဖို့တားမြစ်လိုက်သည်။

အကြောင်းကတော့ဦးငယ်ကိုsurpriseတိုက်ချင်လို့ပင်။

အရမ်းကိုတော်လွန်းတဲ့ ဦးငယ်ရဲ့လူယုံတွေကိုလည်း ဦးငယ်ကိုပြန်ပြောရင် အပြစ်ရှာပြီး အလုပ်ထုတ်ခိုင်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရသေးသည်။
.
.
.
ရှောင်းကျန့်ဝမ်အိမ်တော်ခြံရှေ့ကိုရောက်သည့်အခါ ခြံထဲမှာ ယန်ယန်နှင့်နှစ်ယောက်တည်း စကားပြောနေတဲ့ ဦးငယ်ကို တွေ့လိုက်ရသောကြောင့် ဒေါသကထောင်းခနဲထွက်သွားပေမဲ့ အတတ်နိုင်ဆုံးချုပ်တီးပြီး ပြုံးထားလိုက်သည်။

ယန်ယန့်ရှေ့မှာ ဦးငယ်က သု့ကိုသိပ်ချစ်တာကို မနာလိုအောင် သက်သေပြရအုံးမယ်။

"ဦး!!"

"ရှောင်းအာ!"

ရိပေါ်မှာရှောင်းကျန့်ပြန်လာမယ်မှန်းမထင်မှတ်ထားတာမလို့  ယခု သူ့မျက်လုံးကိုသူ,မယုံနိုင်ဖြစ်ကာ သူ့ဆီပြေးလာသော ကလေးလေးကို တင်ပါးကနေထိန်းကာ ပွေ့ချီလိုက်ပြီး တရစပ် အနမ်းများပေးနေမိသည်။

"လွမ်းနေတာကလေးလေးရယ်...ပြန်မလာသေးဘူးထင်နေတာ"

ရိပေါ်က ပြောရင်း မျက်ရည်များဝဲလာပြန်သည်။
သူ ဒီကလေးလေးကို အရမ်းဘဲလွမ်းနေခဲ့တာ။

Xiao's Uncle Wang ( completed )Where stories live. Discover now