팔 (Final)

431 42 45
                                    

"အချစ် ငါ စာမဖတ်ချင်တော့ဘူး ဟင်း..."

သက်ပြင်းအကျယ်ကြီးချကာ သူ့ပေါင်ပေါ်လှဲအိပ်နေရာက ထလာပြီး စာဖတ်နေတဲ့ သူ့ကို ပါးတွေ လာဆွဲညှစ်သည်။

"လုပ်ပြန်ပြီ မညှစ်ပါနဲ့ဆို ဒီပါးတွေကို"

"ဟီးဟီး တကယ် အိအိလေးနော့်"

ဆူလိုက်တာတောင် ပါးကို လက်ညိုးနဲ့လက်မ ကွေးပြီးတော့ လာညှစ်နေတဲ့ ဂယူကြောင့် သူ့မှာ ဖတ်နေတဲ့ စာဆီ အာရုံမရတော့၊

မနက်ဖြန်ဆိုင်မှာ မီနျူးအသစ်လုပ်ဖို့ ပိတ်ရက်လေး စာအုပ်တွေဖတ်ပြီး မုန့်လုပ်နည်းတွေ ရှာနေပါတယ်ဆိုကာမှ အရှေ့ကဂျစ်တူးနဲ့တော့ မဖြစ်တော့ဘူးထင်တယ်....

ဂယူဘင်းနဲ့ သူနဲ့ တွဲလာသည်မှာ ၅နှစ်ပြည့်တော့မည် ဖြစ်သည်။

ဂယူဘင်းကတော့ သူ့အိမ်က ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ MD ပေါက်စလေးဖြစ်နေပြီး၊ သူကတော့ Dessert ဆိုင်သေးသေးလေး ဖွင့်ထားဖြစ်သည်။

ဂယူဘင်းနဲ့ တွဲတာ ကြာတော့ သိရတာ တစ်ခုက ဂယူဘင်းက အရမ်း လူကပ်တယ်ဆိုတာပဲ,

ချစ်စရာကောင်းအောင် တမင်လုပ်ပြနေတာမျိုး မဟုတ်ဘဲ၊ သူ့အနားကို အရမ်းကပ်တာ၊ ဒီလို ပိတ်ရက်တွေဆို နှစ်ဆဆိုးသည်။

"ဂယူ ဟန်မြစ်နားက ပန်းခြံလာချင်တာက အနားယူပြီး စာဖတ်ချင်လို့ပါဆို"

"စာဖတ်ရတာ ပျော်စရာ မကောင်းဘူး၊ အချစ်ကိုပဲ ဖက်ထားချင်တယ်"

ချွဲတိုင်း ခေါ်တတ်သည့် အချစ် ဆိုသည့် နာမ်စားဟာ ဂွန်းဝုဂ့် အတွက်တော့ ကြည်နူးစရာ,

ထိုင်နေသည့်ဂွန်းဝုဂ့်ကို ဘေးမှ သူ့လက်အရှည်ကြီးတွေဖြင့် တစ်ကိုယ်လုံးအား သိမ်းကျုံးဖက်ရင်း ပုခုံးပေါ် မေးစေ့လေးတင်လာသည်။

"ဘာလို့လဲ ဂယူ အခုတလော မပျော်ဘူးလား"

"မဟုတ်ပါဘူး အချိန်တွေ ကုန်တာမြန်လိုက်တာလို့ တွေးနေမိတာ..."

"ဘာလို့လဲ အချိန်တွေ ကြာလာတော့ ငါ့ကို ချစ်ရတာ ပျင်းလာလို့လား ဂယူ"

ဂယူဟာချက်ချင်းပင် ဖက်ထားရာမှ သူ့ကို လွှတ်လိုက်ကာ လက်သီးဆုပ်လေးဖြင့် မနာအောင် ထုလာသည်။

The Way I Love You~~Where stories live. Discover now