329 38 41
                                    

"ဟင် ဘယ်လို ခေါ်လိုက်တာ!"

ဂယူဘင်း သူ့ပါးစပ်သူ လက်ကလေးနဲ့ အုပ်လိုက်မိတော့သည်၊ ဘာတွေ လျှောက်ခေါ်နေရတာလဲ၊

"ဂယူ..."

"အာ မသိဘူးကွာ ပတ်တီးစည်းပေးမယ် ငြိမ်ငြိမ်နေ"

"ပြန်ခေါ်ပါဦး အဲ့လိုလေး"

သူ့ကို ပြုံးစိစိလေးလုပ်ကာ စနေသည့် ဂွန်းဝုဂ့်အား ပြန်မဖြေဘဲ ပတ်တီးကိုသာ ခပ်မြန်မြန် စည်းပေးလိုက်ပြီး ဂွန်းဝုဂ့်နားမှာ ခပ်တည်တည်နဲ့ သွားထိုင်တော့ ဂွန်းဝုဂ့်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ သူ့ခေါင်း‌ကို ပုခုံးပေါ် မှီစေသည်။

"မင်း အဆင်သင့်ဖြစ်မှ ပြန်ခေါ်ပေါ့ ငါက စောင့်နိုင်ပါတယ်"

ဂွန်းဝုဂ့်က ပြောရင်း သူ့ဆံပင်တွေကို နမ်းရှိုက်လာသည်၊ ပြီးတော့ သူ့ဆံပင်တွေကို လက်ချောင်း ထူထူရှည်ရှည်တွေဖြင့် ကစားနေသည်။

"ဂယူ ဒီနေ့ နေ့လယ်စာ ဘာစားကြမှာလဲ..."

"မစဉ်းစားရသေးဘူး ဒီနေ့ မေမေလာမယ်ပြောတယ်..."

"အန်တီလာမှာလား ဒါဆို ငါ သပ်သပ်ရပ်ရပ် ဖြစ်အောင် ရေချိုးလိုက်ဦးမယ်"

"အဲ့လောက်ကြီး မလိုပါဘူး အရင် မနက်စာစား... မင်းအတွက် ချောကလက် ပူပူလေး ဝယ်ခဲ့ပေးတယ်..."

"ငါဘာကြိုက်လဲ သိတာလား"

တအံ့တဩမေးလာတဲ့ ဂွန်းဝုဂ့်အား ဂယူဘင်းမှာ တအံ့တဩပြန်ကြည့်မိသည်။

"ငါတစ်ခါမှ မင်းအတွက် မဝယ်ပေးဖူးဘူးလား"

ဂွန်းဝုဂ့်က ကြောင်တောင်တောင်လေး ပြန်ကြည့်ကာ ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းပြသည်။

"ဟုတ်လား အဲ့လို ဖြစ်သွားတာလား ဟဲဟဲ...
မင်း ချောကလက်ကြိုက်တာ ငါသိပါတယ်...
အမြဲ အဲ့ဒါလေးပဲ သောက်တတ်‌တာလေ ငါသတိထားမိတယ်..."

သူ့စကားကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလာတဲ့ ဂွန်းဝုဂ့်က ပါးဖောင်းဖောင်းလေးတွေ မို့တက်သွားတာမို့ သေလောက်အောင် ချစ်ဖို့ကောင်းတယ်...

နောက် ဒီလို အပြုံးမျိုး များများ မြင်ရအောင်၊ များများ အလိုလိုက်ပေးရမယ်...

The Way I Love You~~Where stories live. Discover now