336 36 32
                                    

"ဂယူ.. အဟွတ်... ဂယူဘင်း"

နှုတ်ခမ်းချင်း ထိကပ်ရင်း စက္ကန့်ဝက်လောက်အကြာ၌ ဂယူဘင်းအား ခေါ်ကာ တွန်းထုတ်လာသည်မို့ နှုတ်ခမ်းတွေအား ခွာလိုက်တော့ သူ့အား စူးစိုက်ကြည့်နေသည့် ဂွန်းဝုဂ့်၏ မျက်လုံးနက်တွေနှင့် ဆုံတော့၊  ဂယူဘင်း နောင်တတွေ ရလာတော့သည်။

သူဘာလို့ လုပ်မိသွားတာလဲ! ဂွန်းဝုဂ့်ကလည်း သူနဲ့တူတဲ့ ခံစားချက်မျိုး ရှိနေမယ်ဆိုတဲ့ အတွေးက ဘာလို့ စက္ကန့်ပိုင်းအတွင်း ဝင်လာရတာလဲ၊ ဂင်မ်ဂယူဘင်း ရူးလွန်းတယ်။

"ဂယူ ငါ့ကို-"

"ငါ... ငါတောင်းပန်ပါတယ် ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက် အခုဖြစ်သွားတာကို မေ့လိုက်"

"ဂယူဘင်း!"

"မင်း အခန်းထဲသွားချင်နေပြီမလား ထ ငါတွဲကူပေးမယ်"

"ရတယ် ငါ့ဘာသာ သွားမယ်!"

ဂွန်းဝုဂ့် သူ့ကို ဒီလိုလေသံနှင့် မပြောဖူးတာကြောင့် ဂယူဘင်းမှာ ငိုတောင် ငိုချင်လာရသည်၊

"ငါ.... တွဲပေးမယ်လေ ဂွန်းဝုဂီ"

နှစ်ကြိမ်မြောက်ပြောသည့်အခါမှာတော့ ဂွန်းဝုဂ့်ဟာ ဘာမှပြန်မပြောလာ၊ ဂွန်းဝုဂ့်နားသွားကာ ကူတွဲပေးတော့ ဂွန်းဝုဂ့်ဟာ သူ့ကိုကြည့်မလာ၊ ခြေထောက်က နေရခက်နေတာကြောင့် မဖြစ်မနေ သူ့အကူအညီ ယူနေရပုံနှင့်ပင် တူသည်။

"ငါ..."

ဂွန်းဝုဂ့်အား အိပ်ရာပေါ်၌ချကာ စကားအစပျိုးလိုက်တော့လည်း သူပြန်ရသည်က ဥပေက္ခာတစ်ခုတည်းသာ၊

"ငါအိပ်တော့မယ်"

ဂယူဘင်း နှုတ်ခမ်းတွေပင် ကိုက်မိလိုက်သည်၊ မကြိုက်ဘူး ဂွန်းဝုဂ့်က ဒီလို ဆက်ဆံနေတာကို သူတကယ် မကြိုက်ဘူး၊ ဒါပေမဲ့...

"အင်း ငါ မီးပိတ်သွားပေးမယ် အိပ်ပျော်အောင်အိပ်ဦး ညဘက် တစ်ခုခုဆိုလည်း လှမ်းအော်လိုက်၊ ငါဒီည စာကြည့်ခန်းထဲမှာ သွားအိပ်ပေးမယ်"

သူ့စကားကြားတော့ ဂွန်းဝုဂ့်က သူ့ကို ကြည့်လာသည်၊ ပြီးတော့ မျက်ခုံးတွေ တွန့်ချိုးပစ်သည်၊

The Way I Love You~~Where stories live. Discover now