360 37 34
                                    

"မင်းရည်းစား ဖြစ်ချင်တာလို့ မင်းရည်းစား အရူးရဲ့"

ဂွန်းဝုဂ့်မှာ နားကြားများမှားလေသလား၊ သူကြားလိုက်တာ မှန်ရော မှန်ရဲ့လား၊ ဂယူဘင်းကလေ? သူ့ရည်းစား ဖြစ်ချင်တယ်?!

"ဟမ်?!"

သူ့အမေးစကားအား ဂယူဘင်းဟာ စိတ်ရှုပ်စွာနဲ့ 'ကျစ်' ခနဲ့ စုပ်သပ်သည်။

"ဟုတ်တယ် ငါမင်းကို ကြိုက်တယ် မဟုတ်ဘူး သဘောကျတယ် အဲ့ဒါကြောင့် ငါမင်းကို နမ်းခဲ့တာ မင်းတစ်ယောက်တည်းကိုပဲ ရည်ရွယ်ပြီး နမ်းခဲ့တာ အဲ့ဒါကြောင့် အထင်မလွဲနဲ့..."

သူ့ကိုပဲရည်ရွယ်ပြီး နမ်းခဲ့တာမှန်း ဂယူဘင်းမျက်လုံးတွေ ကြည့်ရုံနဲ့ သူနားလည်ပါတယ်၊ သူ့ကို ဘာလို့ ဒါတွေ အခုမှ လာပြောနေတာလဲ၊ ဒီလောက်တောင် နားမလည်တဲ့ ငတုံးလို့ ထင်နေလို့လား?!

"ငါက ဘာကို အထင်လွဲနေလို့လဲ ဂယူဘင်း"

"မခေါ်ပါနဲ့ဆို ဂယူဘင်းလို့!"

စကားအကောင်းပြောနေရာက ထအော်တာမို့ ဂွန်းဝုဂ့်မှာ ပြူးကြောင်ကြောင် လုပ်နေရုံသာ တတ်နိုင်သည်၊ ဒီကောင်လေး အပြင်မှာ ဘာတွေ ဖြစ်လာခဲ့တာလဲ...

"အင်းပါ ဟုတ်ပါပြီ ငါပြောတာနားထောင်ပါဦး"

"ဟင့်အင်း နားမထောင်ချင်ဘူး ငါပြောတာ အရင်နားထောင်"

ပတ်ဂွန်းဝုဂ့်က ဂင်မ်ဂယူ နှစ်ခါပြောရအောင် ဘယ်တုန်းကများ လုပ်ဖူးလို့လဲ၊ အရင်နားထောင်ဆိုတော့လည်း အရင်နားထောင်ရုံပေါ့...

"အင်း ပြော"

သူ့ဘက်က သက်ပြင်းချကာ လေသံအေးအေးနဲ့ ပြောတော့ ဂယူဟာ သူ့ကို မျက်ရည်တွေကြောင့် တလက်လက်တောက်ပနေသည့် မျက်လုံးတွေဖြင့် ကြည့်လာသည်။

"ငါ မင်းကို သဘောကျတယ် သူငယ်ချင်းလိုမျိုး မဟုတ်ဘဲ၊ မတွေ့ရရင်လည်း မနေနိုင်ဘူး၊ ရူးသွားတော့မလိုပဲ၊ တခြားသူနဲ့ အတူရှိနေပြီး ပြုံးပျော်နေရင် မကြိုက်ဘူး၊ လူတိုင်းက မင်းကို ငါ့ဆီကနေ လုသွားတော့မလိုပဲ၊ အဲ့ဒါကြောင့် မင်းက ငါ့ကို သူငယ်ချင်းလိုပဲ သဘောကျရင်တောင် ငါအခုပြောတဲ့စကားတွေကြောင့် ငါ့ကို မထားသွားပါနဲ့နော် ငါ့ကို မချန်ထားခဲ့ပါနဲ့နော်၊

The Way I Love You~~Where stories live. Discover now