317 41 30
                                    

ပထမနှစ် စာမေးပွဲ အပြီး ကျောင်းပိတ်ရက်တွေ၌ ဂွန်းဝုဂ့်ဟာ အိမ်မှာ မနေဖြစ်၊ ဂယူဘင်းက သူ့ဆီ လာနေပါဆို၍ မေမေ့အား ပြောကာ ဂယူဘင်းဆီ ပြောင်းနေနေရသည်။ အရင်က မနက်စာ နေ့လယ်စာပဲ ပြင်ပေးခဲ့ပေမဲ့ အခုတော့ ညစာပါ ချက်ကျွေးနေရတော့သည်၊

ဂယူ့ မေမေ့နှင့်တောင် ဆုံသေးသည်။ အန်တီကတော့ သူ့ကိုမနှိပ်စက်ဖို့နှင့် ဂရုစိုက်ဖို့ကို ဂယူ့အား သေချာမှာကာ ၊ အရန်ဟင်းတွေ ပေးသွားသည်။ ပြီးတော့ ဂယူ့ကို အလိုမလိုက်ဖို့ကိုလည်း အသေအချာပင် မှာသွားသေးသည်။

အခုတော့ ဂွန်းဝုဂ့်မှာ Bakery သင်တန်းအား တက်ကာ certificate ယူရန် ကြိုးစားနေခြင်းပင်၊ ကျောင်းဖွင့်လို့ ကလပ်ထဲပြန်ဝင်တဲ့အခါ သူပိုပြီး နေရာရအောင် ဖြစ်သည်။ ဒါမှလည်း သူကိုယ်တိုင် ဆိုင်ဖွင့်ဖို့ အခွင့်အရေးတိုးလာနိုင်မည်။

ဒီလို အကြောင်းပြချက်တွေကြောင့် ရိုးရိုးမေဂျာ တစ်ခုကို ပြောင်းလိုက်ရကြောင်းကိုတော့ ဂယူ့ကို မပြောဖြစ်၊ သေချာပြီဆိုမှပဲ ပြောဖြစ်တော့မည် ထင်သည်၊ ကြားထဲတော့ သင်တန်းပြီးရင် ဂျွန်ဟျွန်းတို့နှင် ဘတ်စကတ်ဘော သွားကစားတတ်သည်။ အခုလည်း သင်တန်းအပြီး ကွင်းထဲ ရောက်နေခြင်းပင်။

အားရင်အားသလို ဂယူ့အကြောင်းပင် တွေးနေတတ်တာမို့ မအားလပ်အောင် အလုပ်တွေ ရှုပ်အောင်နေလည်း လုပ်နေသည့် ကြားကပင် တွေးမိပြန်သည်။ ဂင်မ်ဂယူက ဘာညှို့ဓာတ်တွေနဲ့များ သူ့အား ညှို့ယူထားပါလိမ့်၊ အလယ်တန်းနှစ်၌ သူများတွေ ရည်းစားစမ်းထားကြချိန်မှာတောင် 'လူတစ်ယောက်ကို ချစ်ရင် အားနည်းချက်ရှိလာမှာ၊ စမ်းပြီးတောင် မလုပ်ဘူး" ဟု ပြောခဲ့သည့် သူဟာ ချစ်မိသွားတော့ အလူးအလဲပင်။

ကူစရာ ကယ်စရာ မရှိလောက်အောင် ရူးသည်အထိ သူ ဂယူဘင်းကို ချစ်ရသည်၊ ဒါကြောင့် အကောင်းဆုံးတွေချည်းသာ ပေးချင်သည်၊ အဲ့ဒါကြောင့်လည်း သူကြိုးစားနေခြင်းပင်၊

ဒါပေမဲ့ ဒီရက်တွေမှာ ဂွန်းဝုဂ့် အဆင်မပြေဖြစ်လာရသည်။ ဂယူဘင်းနဲ့ အနီးဆုံးမှာ နေနေပေမဲ့ အဝေးဆုံးကို ရောက်နေတဲ့ ခံစားချက်မျိုး၊ သူက မနက်ဆို မနက်စာပြင်ပေး၊ နေ့လယ်စာအတွက် ချက်ပေးပြီးသည်နှင့် ဂယူဘင်းအား နှိုးကာ သင်တန်းသွားရသည်၊ ပြီးတော့ ညနေလောက်မှ ပြန်ရောက်ဖြစ်သည်၊ ပြန်ရောက်သည့်အချိန်တိုင်းလည်း ဂယူဘင်းဟာ အိမ်မှာ မရှိပေ၊ သူ့အသိ အစ်ကို တစ်ယောက်နှင့် လျှောက်သွားနေတာကြောင့်ပင်၊ ထိုလူအကြောင်း ပြောတိုင်းလည်း ဂယူဘင်းမျက်လုံးလေးတွေဟာ ပျော်နေကြောင်း ဖော်ပြတတ်သေးသည်၊

The Way I Love You~~Where stories live. Discover now