Episode(1)

8.6K 483 121
                                    

[Unicode]

"ရှောင်းရှောင်း အရမ်းဆိုးနေပါ့လား"

"ချိုးတော့ ဘာဖြစ်ယဲ...ချိုးတော့ ဘာယုတ်ချင်ယဲ!!"

"မားမား မင်းကို ရိုက်တော့မှာနော်"

"ရိုက်ယေ ရိုက်ရဲရင်ရိုက်ပေါ့! ဦးငယ်နဲ့ တိုင်မှာ, ဦးငယ်နဲ့တိုင်မှာ...မားမား တားကို ရိုက်ရင် ဦးငယ်နဲ့တိုင်ကြောမှာ ဟွန့်"

လက်ကိုပိုက် , နှုတ်ခမ်းကိုစူထော်ပြီး မျက်နှာက မော်ကြွားနေသည့်ဟန်နှင့် 5နှစ်အရွယ် ရှောင်းရှောင်းလေးက အားကိုးရှိတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အရမ်းဆိုးလွန်းပါသည်။

အခုလည်း သူ့ထပ်အသက်ကြီးသည့် 10နှစ်အရွယ် အစ်မဖြစ်သူ,ယန်ယန်လေးကို တွန်းချလိုက်ခြင်းကြောင့် ရှောင်းမားက ဆူနေရခြင်းပင်။

"ဘာလို့ မမကိုတွန်းချရတာလဲ ရှောင်းရှောင်း"

"မုန်းယို့ယေ!ပါးပါးနဲ့မားမားချီက တားရ,ရမဲ့ အချစ်တွေကို လုယူတဲ့ တူ့ကိုမုန်းယို့ ရုတ်တာ ဘာဖြစ်ယဲ"

"ရှောင်းရှောင်း အဲ့လိုမပြောရဘူးလေ... ပါးပါးနဲ့မားမားကရှောင်းရှောင်းလေးကိုဘဲအရမ်းချစ်တာပါ"

သားဖြစ်သူရဲ့စကားတွေကြောင့် ရှောင်းမားက သားဖြစ်သူကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ထွေးပွေ့လို့ ပြောလာသည်။

ဘာလို့များ သူမရဲ့သားလေးက ယန်ယန်လေးကို အဲ့ဒီလောက်ထိ ခါးခါးသီးမုန်းနေရတာပါလိမ့်။
သားလေးမုန်းရလောက်အောင်အထိလည်း သူမတို့ ယန်ယန့်ကို သားလေးထပ်ပိုပြီးမချစ်ခဲ့ပါဘူး။

"ပြီးတော့ တူက ကြောတယ် ပါးပါးနဲ့မားမားက တားကိုမချစ်ဝူးတဲ့ အဟင့်~"

"ဘယ်လို!ယန်ယန်,မောင်လေးကိုဘာလို့အဲ့လိုပြောရတာလဲ"

"မီး~မီးမီးက မောင်လေးကိုချစ်လို့စတာပါ"

"အဲ့ဒါစနောက်စရာမဟုတ်ဘူးလေ...ဒီမှာ မောင်လေးက ငိုသွားပြီ"

"မီးမီးတောင်းပန်ပါတယ် မားမား"

ထိုသို့ဆိုပြီး 10နှစ်အရွယ် ကလေးမလေးက မားမားရှောင်းရင်ခွင်ထဲက မောင်လေးဖြစ်သူကို မျက်စောင်းထိုးနေသည်။

Xiao's Uncle Wang ( completed )Where stories live. Discover now